Ep19

212 10 3
                                    

ကမ်းခြေမှာ ရေဆော့ပြီး ခနအကြာ
ညနေဘက်တွင် ပင်လယ်စာ စားချင်သော
သျှားကြောင့် ဘန်ဂလိုတွင်သာ မှာစားလိုက်သည်။

ကလေးလေးသည် ပင်လယ်ပြင်ကို အတော်ကို သဘောကျပုံပင်။
ခွန်းထက်လွင် အနည်းငယ် ချဥ်စူးစူးလေး ခံစားလိုက်ရသည်။
ရူးကြောင်ကြောင်နိုင်ပေမယ့် အခုတလော သျှားရဲ့ အာရုံမှန်သမျှ
သူ့ဆီတွင်သာ ရှိနေစေချင်သည်။
သျှားက အလုံးစုံ ခွန်းထက်လွင်အပေါ်သာ အာရုံစိုက်ထားမှန်း
သိပေမယ့်လည်းပေါ့။

ထိုစိတ်ဆန္ဒတို့ကို သျှားမကြောက်လန့်စေဖို့ ထိန်းထားရန်သာ
ကြိုးစားနိုင်သည်။
သို့သော် ထိုဗုံးကြီး ဘယ်နေ့ပေါက်ကွဲလာနိုင်သလဲဆိုတာ
ခွန်းထက်လွင် မမျှော်မှန်းရဲပေ။

ခွန်းထက်လွင် သျှားရဲ့ ကြည်လင်သော အပြုံးလေးနှင့်
မျက်နှာကို ကြည့်လို့ စိတ်တို့ကို လျော့ချလိုက်သည်။
လျင်မြန်တယ်မဆိုသာပေမယ့် ခက်မြန်မြန်လေးနှင့်
ဆွဲဆောင်မှုရှိစွာ အစားစားနေသော သျှားပင်။

ချစ်ရသူလေးကို ကြည့်လို့ ခွန်းထက်လွင် ပြုံးလိုက်ရင်း

"အစာမကြေဖြစ်မယ်နော် သျှား"

ခွန်းထက်လွင် ငါးကင်ကို နှစ်ခြိုက်စွာ စားနေသော
သျှားကို ပြောလိုက်သော်လည်း လက်တို့က
သျှားမြတ်စေသာဆိုသော အမျိုးသားလေးအတွက်
ပြင်ဆင်ပေးနေသည်။

ဘန်ဂလိုရှိ ၀ရံတာလေးမှာထိုင်နေသော သျှားသည်
ကမ်းခြေကို ငေးကြည့်လို့ ငါးကင်လေးကို
တမြုံ့မြုံ့စားနေသည်။

ခွန်းထက်လွင် စိတ်မထိန်းနိုင်တော့စွာ
သျှားရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်လျှင်
မျက်ခုံးလေးပင့်လို့ ကြည့်လာတဲ့ သျှား။

သျှားမြတ်စေသာသည် လက်ထဲတွင် ကိုင်ထားလေသော
ငါးကင်လေးကို အောက်ချလိုက်လို့
ခွန်းထက်လွင်ရဲ့ ခြေထောက်နှစ်ဖက်ပေါ် ခွကာ
ထိုင်လိုက်လျှင် အစ်ကိုသည် သက်ပြင်းချလိုက်သည်
သျှားကြားလိုက်ရသည်။

သျှားမြတ်စေသာ သွယ်လျတဲ့ လက်ချောင်းလေးတွေကို
အသုံးပြုပြီးတော့ အစ်ကို့ရဲ့ မျက်နှာလေးကို
ထိတွေ့မိသည်။

Melting In Love (Complete)Where stories live. Discover now