Ep14

188 13 1
                                    

ခွန်းထက်လွင် သျှားရဲ့ လက်ကလေးကို ကိုင်ထားရင်း
ဆိုင်ထဲကို ဝေ့ကာကြည့်မိသည်။

သူ မကောင်းတဲ့အကြည့်တွေကို ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က မကောင်းကြံလိုစိတ်နဲ့
ကြည့်တဲ့အကြည့်တွေပေ။
ထိုလို အကြည့်တွေကို ငယ်စဥ်တည်းက ရင်ဆိုင်ဖူးတာကြောင့်
ခွန်းထက်လွင်သည် လူတွေကို ရွံသည်။

ဒါပေမယ့်လည်း သူလက်ကလေးကို ဆုပ်ကိုင်ထားတဲ့
အမျိုးသားလေးကတော့ မထင်ထားစွာ သူ့အတွက်
ချွင်းချက်အကြီးကြီးပေါ့။

ချစ်ရတဲ့ သျှား မိတ်ဆက်ပေးတာကို
နားထောင်ရင်း အကြည့်တွေကလည်း တစ်ဆိုင်လုံးကို
ဖြန့်ကျက်ထားမိသည်။
သူ တစ်ခုခုကို ခံစားမိလိုက်တာ သေချာသည်။

"အစ်ကို ဒါကိုယ်တို့ဆိုင်မန်နေဂျာလေ"

သျှားမြတ်စေသာရဲ့ စကားအဆုံးမှာ
ခွန်းထက်လွင် လက်ဆွဲနှုတ်ဆက်လိုက်သညိ။
သီးသန့်ဆန်စွာနေတတ်ပေမယ့် ဒီအမျိုးသားလေးရဲ့
ပတ်၀န်းကျင်မှာတော့ သူလိုက်လျောညီထွေးတတ်နိုင်သမျှ
နေခြင်မိသည်။

"သျှား အလုပ်ကိစ္စပြောနေတာမလား"

"Oh! အဲ့တာက ပြီးသွားပြီ ကိုယ့်ဆီ
အစ်ကိုဖုန်းဆက်တဲ့ အချိန်တည်းကလေ"

ခွန်းထက်လွင် ကြည်လင်နေသော
သျှားရဲ့မျက်နှာလေးကို ကြည့်ရင်း မျကိမှောင်တို့
အနည်းငယ်ကုတ်လိုက်မိသည်။

ဒီလူနဲ့ သျှားကမတွေ့စေချင်တာများလား။
ဘာမဟုတ်တဲ့ သံသယလေးထွက်ပေါ်လာလေတဲ့အခါ
ခွန်းထက်လွင် ကိုယ့်ကိုကိုယ် ဒေါသထွက်မိသွားသည်။
သူ့ကလေးသည် ဒီလိုလုပ်မည့်သူမဟုတ်တာ သေချာသည်။

ခွန်းထက်လွင် သျှားမြတ်စေသာရဲ့ လက်ကလေးကို
ခပ်ဖွဖွလေးသာ ထပ်လို့အုပ်ကိုင်ထားရင်း
နူးညံ့စွာဖြင့် ပင်လယ်ပြာရောင် မျက်လုံးလေးတွေနှင့် အကြည့်ချင်းဆုံလိုက်သည်။

"ဒါဆို အိမ်ပြန်ကြမယ်လေ"

"အွန်း ကိုယ်တို့အိမ်ပြန်တာပေါ့"

ခွန်းထက်လွင် သျှားရဲ့လက်ကလေးကို
ခပ်ဖွဖွလေး ပွတ်နေရာမှ တစ်ချက်ရပ်တန့်သွားပြီးလျှင်
ပုံမှန်အတိုင်း လှုပ်ရှားရင်း ပါးချိုင့်လေးပေါ်အောင်
ပြောလိုက်သည်။

Melting In Love (Complete)Where stories live. Discover now