Ep28

177 10 2
                                    

"အစ်ကို"

အခန်းတံခါးဖွင်သံ ခပ်ဖွဖွကြားလိုက်ရလျှင်
အခန်းထဲ၀င်လာလေသော အစ်ကို့ကို သျှားနူးညံ့စွာ
ခေါ်လိုက်သည်။

လက်ထဲတွင် ကိုင်ထားလေသော စာအုပ်ကလေးကို
ဘေးဘက်သို့နေရာချထားလိုက်လျှင်ပင်
ချက်ချင်း သျှားအစ်ကို့ဆီမှ အနမ်းလေးကို
လက်ခံရရှိလိုက်သည်။

အစ်ကို့၏ နှုတ်ခမ်းပါးတို့ကို စတင်ဆွဲလှမ်းသူမှာ
သျှားမြတ်စေသာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့
အမျှ နမ်းရှိုက်ရတာကို ကြိုက်နှစ်သက်လာသည်က
အစ်ကိုပင်ဖြစ်သည်။

၀င်သက်ထွက်တို့က တစ်ယောထ်ကိုတစ်ယောက်ကျီစယ်နေလို့ နှုတ်ခမ်းတို့ကို ငုံထွေးကာ
နမ်းရှိုက်ပြီးသည့် အချိန်ခနတွင် ရပ်တန့်လိုက်သောအခါ
နှစ်ဦးစလုံး အသက်ရှုတွေမြန်နေကြသည်။

" အစ်ကို"

"​သျှား ကိုယ့်သည်းငယ်"

ရီဝေစွာ နှုတ်ခမ်းကို စိုက်ကြည့်ကာ ပြောလာလေသော
အစ်ကို့၏ အမူအရာကြောင့် သျှားမြတ်စေသာ
ရင်ဘက်ကို ခပ်ဖွဖွလေးတွန်းထားလိုက်သည်။

ဒီလူကြီး ဘယ်လိုတောင် လက်ရဲဇက်ရဲနိုင်လာရတာလဲ။

သျှား၏ ဘေးနားသို့ ၀င်လှဲလာလေသော အစ်ကိုသည်လက်မောင်းတစ်ဘက်ကို ဆန့်တန်းလာလေသောအခါ
သျှား နှစ်ခြိုက်စွာ ပြုံးလို့ ခေါင်းလေးမှီတင်လိုက်သည်။

ထိုအခါ နှာဖူးလေးပေါ်သို့ ကျရောက်လာလေသော
အနမ်းဖွဖွ။
သျှားမြတ်စေသာ သဘောကျစွာ ရယ်မောလိုက်မိသည်။

"အစ်ကို ခင်ဗျား ကိုယ့်ကို နမ်းရတာ သိပ်သဘောကျတယ်ဟုတ်လား"

"သဘောကျတယ်။"

"ခင်ဗျားကြီး"

သျှားမြတ်စေသာ မျက်နှာလေးအနည်းငယ်ရဲလျက်
အစ်ကိုကို့ဖက်လိုက်ကာ မျက်နှာလေးကို
ရင်ဘက်ပေါ်သို့တင်လျှက် ဖွက်လိုက်သည်။

ဒီလူကြီးကတော့ သျှားကို အသည်းယားအောင်
လုပ်လွန်းတယ်။

သျှားမြတ်စေသာ၏ ဆံပင်လေးတွေပေါ်သို့
အကြောစိမ်းတွေနှင့် လက်တစ်ဖက်သည်
ကျရောက်လာကာ ခေါင်းလေးကို ခပ်ဖြေးဖြေးလေး
ဖွကာ ကျီစယ်လာသည်။

Melting In Love (Complete)Where stories live. Discover now