Ep39

140 8 0
                                    

သျှားမြတ်စေသာ မျက်စိရှေ့ရှိ မြင်ကွင်းလေးကို
သဘောကျမိသည်။
အလုပ်တွေ များနေခဲ့သည့် အစ်ကိုသည်
နားရက်ကလေးမှာ သျှားနှင့်အဖော်ပြုသည်။
ပုံမှန်လည်း သျှားနဲ့ဘဲ အတူတူအချိန်ကုန်ဆုံးတာဆိုပေမယ့် အခုတော့ dateလေးတစ်ခုလို
ခံစားရသည်။

သျှားမြတ်စေသာ စွန်လွှတ်နေသော အစ်ကို့ကို
မြတ်နိုးစွာကြည့်မိသည်။
အနည်းငယ် ဖွာကျနေသော ဆံပင်လေးတို့သည်
အစ်ကို့၏ နှာဖူးထက်တွင် အနည်းငယ်နေရာယူထားလေသည်။
လူငယ်ဆန်နေသော အစ်ကိုသည် တိုက်ခတ်လာသော
လေ​ညှင်းတို့နှင့်အတူ အနားတွင် တွယ်ကပ်နေစေချင်သော
ခံစားချက်ကိုဖြစ်ပေါ်စေသည်။

သျှားမြတ်စေသာ လက်ကလေးထောက်ထားရင်း
အစ်ကို့ကိုသာ ငေးကြည့်နေမိသည်။
သိပ်ကို ချိုမြိန်တဲ့အခိုက်အတန့်လေးပင်။
မြက်ခင်းပြင်လေးမှာ အခင်းလေးခင်းကာ သျှားသည်
ထိုင်နေလို့ အစ်ကိုသည် စွန်လွှတ်နေခဲ့သည်။
လေအဝှေ့တွင် သျှားသဘောကျရသော လာဗင်ဒါနံ့တို့ကို
တ၀ကြီး ရှူရှိုက်ရသလို
ကမ်းစပ်ရှိ ပင်လယ်လှိုင်းလေးတွေ တိုက်ခတ်သံကိုလည်း
ကြားနေရသညိ။

သျှား၏ မျက်၀န်းထဲတွင် သဘောကျရပါသော ချစ်ရသူသာမက တိမ်တိုက်ငယ်လေးတွေပါ မြင်နေရသည်။
ဘယ်လောက်တောင် ကောင်းမွန်လိုက်တဲ့ ဘ၀ကြီးလဲ။
သျှားမြတ်စေသာ ဒီအနေအထားကို တကယ်ပင်
ကျေနပ်မိသည်။
ဒီနေရာမှာ စီးပွားရေးတွေ အခြေချထားတဲ့ အစ်ကို့ကြောင့် သျှားသည်လည်း စီးပွားရေးလုပ်ငန်းတွေကို
ဒီနေရာမှာ အထိုင်ချလိုက်ရုံသာ။အနည်းငယ်
အလုပ်ရှုပ်ရတယ်ဆိုပေမယ့် အစ်ကိုနဲ့ နေလို့ရတယ့် အခြေအနေတစ်ခုကို ဖန်တီးတာလေ။

ရစ်ဘီးလေးမှာ စွန်ကို ပြန်သိမ်းကာ အစ်ကိုသည်
သျှား၏ ဘေးနားသို့ ၀င်ရောက်ကာ ထိုင်လိုက်လျှင်
သျှားမြတ်စေသာ ကီ၀ီဖျော်ရည်လေးကို ကမ်းပေးလိုက်သည်။

ခွန်းထက်လွင် သျှား၏ ပါးလေးကို နမ်းရှိုက်လိုက်ပြီးမှ
အအေးခွက်လေးကို ယူလိုက်ကာ မော့သောက်လိုက်သည်။
သူ၏ သျှား ကိုယ်တိုင်ဖျော်ထားလေသော ဖျော်ရည်လေးသည် တကယ်ကို ပေါ့ပါးမှုလေးနှင့်
အရသာရှိပေသည်။

Melting In Love (Complete)Where stories live. Discover now