Ep42

115 7 1
                                    

ခွန်းထက်လွင် အိပ်ပျော်နေလေသော အမျိုးသားလေးကို
မြတ်နိုးစွာ အကြည့်မလွှဲနိုင်ပေ။
ကလေးငယ်လေးသဖွယ် ခွန်းထက်လွင်ကိုဖက်ကာ
ငိုထားလေသောကြောင့် မျက်ခမ်းစပ်လေးသည်
အနည်းငယ်ရဲနေသည်။

ခွန်းထက်လွင်၏ နှလုံးသားကို ကြောင်လေးတစ်ကောင်
ခပ်ဖွဖွ ကုတ်ခြစ်သလိုခံစားရသည်။
သူ့အပိုင် အမျိုးသားလေးသည် သနားချင့်စဖွယ်လေး
ဖြစ်နေလို အနိုင်ကျင့်ချင်စရာလေးလည်း ဖြစ်နေသည်။

ခွန်းထက်လွင် သက်ပြင်းသာဖွဖွချနိုင်သည်။
ဒီမျိုးသားလေးကို သူငိုကြွေးအောင် လုပ်မိပြန်သည်။
ဒီအမျိုးသားလေး သူ့အတွက်နဲ့ ငိုကြွေးရလျှင်
ကိုယ့်ကို မချင့်မရဲဖြစ်ရသည်။
သျှားကို သူအကောင်းဆုံးတွေ ပေးမည်ဟု
ကိုယ့်ကိုကိုယ် ကတိပေးခဲ့သည်။
နောက်ဆုံးတော့ သူသည် ကတိကို တည်နိုင်ခဲ့သလား။
သျှားမြတ်စေသာဆိုသော ဒီအမျိုးသားငယ်လေးသည်သာ သူ့ကို ကာကွယ်ပေးသူ ၊ နားလည်သူပင်။

ခွန်းထက်လွင်၏ ဆေးရုံကုတင်ပေါ်တွင်
တိုးဝှေ့ကာ အိပ်နေသော အမျိုးသားလေးရဲ့
ပါးလေးကို ညှင်သာစွာ ထိတွေ့လိုက်သည်။

ဒီအမျိုးသားလေး ဘယ်လောက်တောင် ပင်ပန်းခဲ့ရမည်နည်း။

ခွန်းထက်လွင် မျက်လွှာလေးချကာ
မျက်တောင်လေးအနည်းငယ်ခတ်လိုက်သည်။

ဒီကလေးငယ်ကို ရင်ခွင်ထဲသာထည့်လို့
ပွေ့ဖက်ထားချင်တော့သည်။
ခွန်းထက်လွင်၏ လူနာအင်္ကျီလေးကို သျှားသည်
လက်ကလေးနှင့် မသိမသာဆွဲထားကာ
အိပ်ပျော်နေကြောင်းတွေ့လိုက်ရတဲ့အခါမှာ
ခွန်းထက်လွင် ရင်ထဲရှိ နံရိုးများအချိုးခံလိုက်ရသလို
ခံစားရသည်။

"ကိုယ်ရှိတယ် ကိုယ့်ကလေးငယ်"

"အွန်း~~"

အနည်းငယ် လှုပ်ရှားကာ ကလေးငယ်သည်
အိပ်ပျော်သွားခဲ့သည်။
ထိုနေ့ညတွင် ခွန်းထက်လွင် သျှားမြတ်စေသာကို
အိပ်စက်ခြင်းမရှိဘဲ ငေးကြည့်နေခဲ့သည်။

သူ ဒီအမျိုးသားလေးကို တွေ့မြင်နိုင်ခြင်းမရှိမှာကို
ကြောက်လန့်ခဲ့ပါသည်။
မျက်စိရှေ့ရှိ ပုံရိပ်လေးသည် ပုံရိပ်ယောင်လေးဖြစ်မည်ကိုလည်း ကြောက်နေခဲ့မိသည်။
ခွန်းထက်လွင် မခံစားရတာကြာလေပြီဖြစ်တဲ့
အကြောက်တရားများစွာကို ခံစားရခြင်းပင်။

Melting In Love (Complete)Where stories live. Discover now