Ep33

164 9 2
                                    

"သျှား ဟိုရောက်ရင် ဘာကိုမှ စိုးရိမ်စရာမလိုသလို
ဘယ်သူ့မျက်နှာမှလည်း ကြည့်စရာမလိုဘူး။
ကိုယ့်ကိုကြည့်ရင်ဘဲ ရပြီ"

သျှားမြတ်စေသာ သူ့လက်ကလေးကိုဆုပ်ကိုင်လို့
ပြောလာသူကို ကြည့်လို့ မျက်နှာနားလေးသို့ တိုးကပ်သွားလိုက်လျှင် အစ်ကိုသည် ခပ်ပြုံးပြုံးရယ်။
အကြောစိမ်းတွေနှင့် သျှားသဘောကျရပါသော
လက်သည် ခေါင်းလေးကို ပုတ်လာသည်။

"အဆိုးလေး"

သျှား၏ အကြည့်ကိုသဘောပေါက်သောအစ်ကိုသည်
ခပ်ဖွဖွရေရွတ်လျှင် သျှားမြတ်စေသာ
အစ်ကို့ရင်ခွင်ထဲကို တိုး၀င်လိုက်သည်။

"အစ်ကို"

"အွန်း"

သျှားမြတ်စေသာ လက်မလေးနဲ့ လက်ညိုးလေးကို
ပူးကာ အစ်ကိုရှေ့တွင်ပြလိုက်သည်။

"ဒီလောက်လေး ကိုယ်က သေးသေးလေးဘဲ ဆိုးမှာ"

ခွန်းထက်လွင် ရင်ခွင်ထဲရှိ အမျိုးသားလေး၏
နှာဖူးလေးကို မြတ်နိုးစွာနမ်းလိုက်သည်။

"မင်း သဘောပါ ကိုယ့်သည်းငယ်။"

အချိန်အတော်အတန်ကြာ ကားမောင်းလာပြီးတဲ့နောက်မှ
အစ်ကို့၏ အဘိုးအိမ်သို့ရောက်ရှိလာသည်။
ကြီးမားလှတဲ့ခြံ၀န်းကြီးကိုသာ အရင်မြင်ရ၍
အိမ်ကိုတော့ မမြင်ရသေး။

လုံခြုံရေးလည်း ရှိသည်မလို့
အချက်အလက်တွေကို ပြပြီးမှသာလျှင်
သျှားတို့ ခြံ၀န်းကို ဖြတ်ကျော်လာရသည်။
မိနစ်၂၀ခန့် ခပ်ဖြေးဖြေးမောင်းပြီးတဲ့နောက်မှာတော့
ခမ်းနားတယ်လို့ ပြောလို့ရလောက်တဲ့
အိမ်တော်ကြီးကို တွေ့ရသည်။

သျှားမြတ်စေသာ အစ်ကို့ကို ခပ်တိုးတိုးစလိုက်သည်။

"ကိုယ်က သူဌေးလေးကို ရထားတာဘဲနော်"

ခွန်းထက်လွင် သည်းငယ်၏ စနောက်လိုသော
အပြုအမူလေးကို မြင်တဲ့အခါ နှူတ်ခမ်းလေးကော့တက်စွာ ပြုံးမိသည်။
ဒီအမျိုးသားလေး ဒီကိုလာရမယ်ဆိုတည်းက
တက်ကြွနေတာ။

"ကိုယ်က မချမ်းသာပါဘူး။ မင်းလေးကသာ
ချမ်းသာတာမဟူတ်ဘူးလား ကိုယ့်အမျိုးသားလေးရေ။
ကိုယ်က မင်းရဲ့လက်အောက်မှာ အလုပ်လုပ်နေရတဲ့သူပါနော်။"

Melting In Love (Complete)Where stories live. Discover now