Ep17

217 12 2
                                    

သျှားမြတ်စေသာ ခြံထဲရှိ ပန်းပင်ငယ်လေးတွေကို
ရေလောင်းနေတဲ့ အစ်ကို့ဆီီသို့ ခြေလှမ်းခပ်ကျဲကျဲလေးတွေဖြင့်
သွားလိုက်သည်။

ခြံထဲတွင် ရေလောင်းနေသော အစ်ကိုသည်
သျှားရဲ့ ခြေသံကိုကြားဟန်တူသည် နောက်ကို
လှည့်ကြည့်လာလျှင် သျှားမြတ်စေသာ
ကိုယ့်ကိုကိုယ် ကလေးလေးသဖွယ်သဘောထားကာ
အစ်ကို့ရင်ခွင်ထဲ ပစ်၀င်လိုက်သည်။

ခွန်းထက်လွင် မိမိထက် အရပ်အနည်းငယ်နိမ့်လေသော
လူသားလေးကို ငုံ့ကြည့်လို့ နှာဖူးလေးကိုသာသာလေး
တောက်လိုက်လျှင်
ထိုအမျိုးသားလေးသည် မေးစေ့လေးကို
ရင်ဘက်ဆီမှာ ဖိကပ်ထားလို့ နှုတ်ခမ်းလေးကို ဆူထားသည်။

ခွန်းထက်လွင် မထိန်းနိုင်စွာ အနည်းငယ်ဖောင်းသွားသော
ပါးလေးကို ဆွဲလိုက်မိပါသည်။
ဒီသူ့ထက်7နှစ်ငယ်သော အမျိုးသားလေးကို
ကလေးလေးသဖွယ်မြင်မိသည်။
ချစ်တဲ့စိတ်ကြောင့် ဖြစ်လိမ့်မည်။

"လူကြီး"

"ဟင်"

"ကိုယ်နဲ့ ခရီးသွားမလား"

သျှားမြတ်စေသာ ရုတ်တရက် ပေါ်လာသော အကြံကို
အကောင်အထည်ပေါ်ရန် ပြောလိုက်သည်။
ဒီလူကြီးနဲ့ ခရီးထွက်ရမှာ ဘယ်လောက်တောင်
ကောင်းမလဲ။
ပြောရရင် သူလည်း ခရီးထွက်ချင်သည်။
၀န်ထမ်းတွေကို လိုက်ပို့မယ့် ခရီးမှာတုန်းက အစ်ကိုနှင့်
ချစ်သူဖြစ်ကာစမလို့ သူမလိုက်သွားခဲ့ပေ။
တွေးကြည့်ရင် သျှားနည်းနည်းတော့ ရှက်သား။

အစ်ကို့ရဲ့ ရင်ခွင်လေးထဲ သျှားမြတ်နှာလေး နှစ်လိုက်လျှင်
လာဗင်ဒါပန်းအနံ့ အနည်းငယ်နှင့် ကော်ဖီနံ့လေးကို
ရှုရှိုက်မိသည်။
အစ်ကို သောက်လေ့ရှိသော Latte နံ့လေးနှင့်
တယုတယ ပြုစုခံရသော သျှားတို့ရဲ့ အမှတ်တရ
လာဗင်ဒါပန်းအနံ့လေး။
ခေါငိးလေးကို အနည်းငယ် ခါရမ်းမိလျှင်
နောက်ကနေ ထိန်းကိုငိထားလေသော လက်ရဲ့
အထိအတွေ့ကို ရမှ အသိ၀င်လာလေသည်။

သူဘယ်လောက်တောင် အသိလွတ်သွားတာလဲ။
ဒါ ဒီသခင်လေးအပြစ်မဟုတ်ဘူးနော်
ခွန်းထက်လွင်ဆိုတဲ့ လူကြီးက အဟမ်း အမြဲ
ဆွဲဆောငိနေတာ။

Melting In Love (Complete)जहाँ कहानियाँ रहती हैं। अभी खोजें