Ep43

117 5 1
                                    

ခွန်းထက်လွင် ရက်အနည်းငယ်အကြာ
အနားယူပြီးနောက်မှာတော့ ဒဏ်ရာသည်
သက်သာလာခဲ့သည်။
အတော်ကြာမေ့မြောနေခဲ့သော်လည်း သူအမျိုးသားလေးသည် ကျွမ်းကျင်သူတစ်ယောက်လိုကို
အစားအသောက်အနေအထိုင် ဂရုစိုက်သောကြောင့်
ခွန်းထက်လွင်၏ ကိုယ်အလေးချိန်ပါ အရင်အတိုင်း
ပြန်ဖြစ်လာခဲ့သည်။

ထိုရက်တွေတုန်းက အကြောင်းကို တွေးမိလျှင်
ခွန်းထက်လွင် နှုတ်ခမ်းလေးအနည်းငယ်တွန့်သွားသည်။
သူသည် အိမ်တော်ရှိ အငယ်ဆုံးကလေးလေးတစ်ယောက်လိုပင် ဖြစ်သွားသည်။
သူ၏ တူလေထက်တောင် ရာထူးလျော့ကျသွားသလိုပင်။
ဒါပေမယ့်လည်း မပြောတတ်အောင် ကျေနပ်မိပါသည်။
ဘာလိုဆို သူ၏ ဇနီးလေးက အဲ့ဒီညာစားတတ်တဲ့ဟာလေးကို အဖက်မလုပ်တော့လို့လေ။
ပုံပြင်​နားထောင်ချင်လား သျှားသည် အဲ့ကောင်လေးကို
အနည်းငယ်သာချော့လို့ သူ့ဆီကိုသာ ဖျော်ရည်တိုက်ဖို့
ရောက်လာလိမ့်မည်။

အဲ့ကောင်လေး ထမင်းခွံကျွေးတာလိုချင်လား
သျှားသည် သူ့ကိုသာ အရင်ခွံကျွေးလိမ့်မည်။
ခွန်းထက်လွင် အတော်ကြာမှ သူ့ဇနီးလေး၏
ဦးစားပေးနေရာသို့ ပြန်ရောက်လာချင်းပင်။
ရှာလကာရည်လား သူမသောက်တတ်ပါဘူး။
သူ့အပိုင်လေးကို တွန့်တိုရုံပါ။

ဒီအတွေးတွေကိုသာ သျှားမြတ်စေသာသိပါက
သေချာပေါက်နေရာတွင် ကြက်သေသေသွားလိမ့်မည်။
ဘယ်လိုတောင် တူတစ်ယောက်နဲ့ လိုက်တွက်ကပ်နေရသနည်း။

ခွန်းထက်လွင် အိမ်တော်သို့ပြန်ရောက်သည်နှင့်
သျှားကို အရင်ရှာဖို့ပင်။
ဒီနေ့တွင် သူအလုပ်ကနေ စောပြီးပြန်လာခဲ့သည်။
နောက်ရက်တွေတွင်လည်း သူအလုပ်ကနေ စောပြီး
ပြန်လာမည်။
သူ့အတွက် သူ၏အမျိုးသားလေးသည် အရေးကြီးသည်။
အိမ်တော်ထဲသို့ မ၀င်ခင် ကမ်းခြေဘက်သို့
သွားချင်သော စိတ်ကြောင့် လျှောက်လာလေတဲ့အခါ
လာဗင်ဒါလေးတွေ အနည်းငယ်ပိုက်ထားကာ
ကမ်းခြေတွင် ခြေဗလာလေးနှင့် လမ်းလျှောက်နေသော
သျှားကို တွေ့လိုက်ရသည်။

မသိစိတ်ကပင် သူ၏သျှားရှိနေမိမည့် နေရာကို သိနေပုံပင်။

သျှား၏ အနည်းငယ်ရှည်နေသော ဆံပင်လေးတွေသည်
လေတိုက်ခိုက်မှုကြောင့် လွန့်လူးနေသည်။

Melting In Love (Complete)Tempat cerita menjadi hidup. Temukan sekarang