Ep8

249 13 1
                                    

လေတွေတဖြူးဖြူးတိုက်နေလေတဲ့
ကမ်းနားဘက်က ဆိုင်လေးတစ်ခုဆီသို့
သျှား ခွန်းထက်လွင်ကို ခေါ်သွားလိုက်သည်။

လင်းထိန်နေလေတဲ့ လမင်းကြီးကိုလည်း မြင်နေရလို့
သျှားမြတ်စေသာ သဘောကျလေတဲ့
ရေပြင်ကျယ်ကိုလည်း တွေ့နေရသည်။
လေထဲမှာ ပျံ့လွင်နေတဲ့ အသားကင်နံ့မွှေးမွှေးလေးတွေကလည်း
လူတိုင်းရဲ့ အစာအိမ်ကို အလုပ်ပေးဖို့အထိ
ဆွဲဆောင်နိုင်လေသည်။

လူရှင်းသော ထောင့်ဘက်နေရာလေးမှာသာ
သျှားတို့ရွေးထိုင်လို့ အရက်နဲ့အကင်အနည်းငယ်ကိုမှာလိုက်သည်။

သျှားမြတ်စေသာ သူ့ရှေ့တွင် ထိုင်နေလေသော
အမျိုးသားကို တမော့တမောငေးကြည့်နေမိသည်။
အရက်ခွက်ကလေးကို ကိုင်လို့ ခပ်ဖြည်းဖြည်းသောက်နေလေသော ထိုအမျိုးသား ။
တင်းနေအောင် စိထားတတ်လေသော
နှုတ်ခမ်းပါးတို့ဆီသို့ အကြည့်ရောက်မိလျှင်
သျှားမြတ်စေသာ အကင်တစ်ခုကိုသာယူလို့
စားလိုက်ပါသည်။

အရက်သောက်ထားတာကြောင့်မလို့ ထင်သည်
ရာသီဥတုတောင် ပူလာလေသလိုဘဲ။
အပေါ်ထပ် ကုတ်ကို သျှားမြတ်စေသာ ချွတ်လိုက်လျှင်
ထို လူကြီးဆီမှ ခပ်ပြတ်ပြတ်စကားသံကို ကြားလိုက်ရသည်။

"မင်း အအေးပတ်မယ်"

စိုးရိမ်စိတ်နှင့် ပြောသောလေသံလေးကိုပါ သတိထားမိလျှင်
သျှားမြတ်စေသာ နှစ်လိုဖွယ်ပြုံးမိသည်။
ရေခဲတုံးကြီးသည် သူ့ကို ဂရုစိုက်လာပါသည်လေ။

"မဖြစ်ပါဘူး  ကိုယ်က အေးနေမှ
နေလို့ထိုင်လို့ကောင်းတာ"

ဖန်ခွက်ကလေးကို အနည်းငယ်လှည့်ကာဆော့နေရင်းမှ
ဆက်ပြောလာလေတဲ့ ထိုလူရဲ့ သြရှရှအသံ

"ကျန်းမာရေး ဂရုစိုက်"

"ဂရုစိုက်ပါ့မယ် ခင်ဗျားရယ် "

သျှားမြတ်စေသာ ထိုအမျိုးသားဆီမှ အကြည့်လွှဲလို့  အနည်းငယ်ကြည်လင်နေလေသော
ကောင်းကင်ကြီးကို ကြည့်ရင်းတစ်ခုခုကို
သတိရသွားသည်။

"ဒီနေ့ ခင်ဗျားနဲ့လာမိတာ ကံကောင်းတာဘဲ။
ဒီရက်ပိုင်း မီးပန်းကြည့်လို့ရတယ်လေ  9နာရီဆိုစတော့မှာ"

Melting In Love (Complete)Hikayelerin yaşadığı yer. Şimdi keşfedin