Ep22

201 10 3
                                    

ကမ်းခြေမှာ နေတဲ့ရက်တွေသည် တကယ်ကို မြန်လွန်းသည်။
သျှားမြတ်စေသာ နှာခေါင်းလေးကို ရှုံ့လိုက်ပါသည်။
ပထမတစ်ရက်သာ ရေကောင်းကောင်းဆော့လိုက်ရပြီး
ကျန်တဲ့2ရက်လောက်ကတော့ အစ်ကိုနဲ့သူ အခန်းထဲမှာ
မှောက်လိုက်လှန်လိုက် လုပ်နေခဲ့ကြတာ။

သျှားမြတ်စေသာ တွေးမိသည်နှင့် တစ်ပြိုက်နက်တည်း
နားရွက်ဖျားလေးတွေရဲလာကာ မသိစိတ်ဖြင့်
လက်ကလေးသည် သူ၏ ခါးလေးကို စမ်းလိုက်မိသည်။

တော်သေးသည် အနည်းဆုံးတော့သူ့ခါးက
နာကျင်တာလေးဘဲရှိတာလေ အောက်ပိုင်းမသေသေပါဘူး။>~<

မျက်လုံးလေးတွေ စပ်လာသည်ကြောင့် သျှားမြတ်စေသာ
မျက်စိမှိတ်သည်ဆိုလျှင် နိုးလာတဲ့အခါ
အိမ်ခြံ၀န်းထဲကိုပင် ပြန်ရောက်နေလေပြီ။

နီးကပ်စွာ သူ့ကို စိုက်ကြည့်နေတဲ့ အစ်ကို့ကြောင့်
သျှားမြတ်စေသာ မျက်တောင်လေး နှစ်ချက်ဘဲ
ခတ်လိုက်ရသည်။
သူ၏ နှုတ်ခမ်းလေးမှာ ထိုလူကြီးထံမှာ စားသုံးခြင်း
ခံလိုက်ရလေပြီ။

မကျေနပ်ပါဘူးနော် လူကို စိတ်ထင်တိုင်းလာနမ်းနေတာ အားး။
သျှားမြတ်စေသာ သာကြောင်လေးတစ်ကောင်ဆိုလျှင်
အမွှေးလေးတွေ ဖွာကာ ကုတ်ခြစ်ဖို့ ပြင်နေလေသော
ကြောင်လေးဖြစ်နေပေလိမ့်မည်။

သို့သော်သူသည် ဉာဏ်ဆိုးလေးရှိသော မြေခွေးလေးဖြစ်လေသည်။
အစ်ကို့ရဲ့ လည်တိုင်ပေါ်သို့ လက်ကလေးနှစ်ဖက်ပေါ် ယှင်တင်ကာ အနမ်းတွေကို ချိုမြိန်စွာ တုံ့ပြန်လိုက်သည်။

ဒီနှုတ်ခမ်းပါးတွေက ဆွဲဆောင်အားပြင်းလွန်းတယ်။

နှုတ်ခမ်းသားနှစ်ခု ခွာလိုက်ချိန်တွင် ငွေရောင်အမျှင်တန်းလေးသည်
နှစ်ယောက်ကြားတွင် ချိတ်ဆက်နေသည်။
ရီဝေဝေမျက်လုံးလေးတွေ သျှားသည် ဆွဲဆောင်အားပြင်းလွန်းသည်။

ခွန်းထက်လွင် စိတ်မထိန်းနိုင်စွာ သျှားရဲ့ နှုတ်ခမ်းသားလေးကို
နောက်တစ်ကြိမ်ထပ်မံနမ်းရှိုက်လိုက်သည်။

ဒီလူသားလေးကို ရင်ခွင်ထဲသာ အမြဲထည့်ထားချင်တော့သည်။

မိနစ်အနည်းငယ်ကြာသည့် အချိန်ကြာသွားလေသော
အနမ်းတိုက်ပွဲလေးသည် ခွန်းထက်လွင်၏ ဖုန်းမြည်သံထွက်ပေါ်လာလေမှ ရပ်တန့်သွားသည်။

Melting In Love (Complete)حيث تعيش القصص. اكتشف الآن