Ep24

169 9 1
                                    

ခမ်းနားသော အပြင်အဆင်ရှိလေတဲ့ အိပ်ခန်းအတွင်းရှိ
အဖြူရောင် ကုတင်လေးထက်တွင် သျှားမြတ်စေသာဆိုသော
အမျိုးသားလေးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။

အိပ်ပျော်နေလေသောထိုအမျိုးသားလေးကို တစိမ့်စိမ့်ကြည့်နေသူမှာ
မြတ်နိုးစွာဖြင့် နှုတ်ခမ်းလေးကော့တက်စွာပြုံးလိုက်သည်။
ထင်ရှားစွာဖြစ်ပေါ်လာလေသော အပြုံးတစ်ခုကြောင့်
ပါးချိုင့်လေးတစ်ဖက်သည်လည်း ပေါ်လာလေသည်။
ရွှေအိုရောင်မျက်၀န်းလေးတွေသည် ပိုင်ရှင်ဖြစ်သူ၏
စိတ်တို့ကို ဖော်ပြဖို့ တာ၀န်ယူရသည်ဖြစ်ရာ
တလက်လက်တောက်ပလို့ ချိုမြိန်မှုကိုဖော်ပြနေသည်။

ခွန်းထက်လွင် လက်ထဲရှိ ဖိုင်တို့ကို စားပွဲပေါ်သို့
အသာပစ်ချလိုက်ရင်း ကုတင်ထက်တွင် အိပ်ပျော်နေလေသော
အမျိုးသားလေးကိုသာ တစိမ့်စိမ့်ဆက်ကြည့်နေမိသည်။

စာရင်းဇယားတွေ ကြည့်မယ်အစား
နှလုံးသားသည်းပွတ်လေးကိုဘဲ
ကြည့်နေမည်။
သေချာပေါက် သူ့ကလေးလေးကို ကြည့်တာက
အကျိုးရှိသည်။
ဘယ်လောက်တောင် ချိုမြိန်လိုက်လဲ ဒီအမျိုးသားလေးကို
သူ့အနားမှာခေါ်ထားနိုင်လိုက်တာ။
ခွန်းထက်လွင် သျှားရဲ့ ဘေးနားလေးကို တင်ပလွှဲလေးအသာလေး
ထိုင်လိုက်သည်။
ကလေးငယ်ရဲ့ လက်ကလေးကို ခွန်းထက်လွင် နာကျင်မည်ဆိုးသည့်အလား တယုတယလေးကိုင်ကာ
နှုတ်ခမ်းလေးနှင့် ဖွဖွလေးနမ်းလိုက်သည်။

"သျှား အစ်ကို့ကို စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်။"

.................................................................................

သျှားမြတ်စေသာ အတော်အတန်ကြာ အိပ်ပျော်နေခဲ့ပြီး
နိုးလာသည်နှင့် ပထမဆုံးလုပ်မိသည်က ၀ုန်းခနဲထထိုင်လိုက်ခြင်းပင်ဖြစ်သည်။

ဒီလူကြီး သူ့ကို ဘယ်လိုစကားမှမပြောနိုင်အောင် လုပ်ပြီး
ဒီနေရာကို ခေါ်လာခဲ့တာ။
သျှား ဒေါသထွက်လွန်းလို့ အံကြိတ်ထားတာ သွားတွေပင်နာလာသလိုပင်။
အစ်ကို့မှာ သူ့ကို ဖုံးကွယ်ထားတာတွေရှိသည် ။
သူသိထားခဲ့သည် ဘယ်အရာကို ဖုံးကွယ်ထားလဲဆိုတာကိုသာမသိခဲ့တာ။
အမှန်တော့ သူသိဖို့လည်း မကြိုးစားခဲ့တာ။
အစ်ကိုက မသိစေချင်ရင် သူလည်းမသိသလိုနေလိုက်ရုံသာ။

Melting In Love (Complete)Where stories live. Discover now