Ep21

195 9 1
                                    

ဘန်ဂလိုလေးရှိ ၀ရံတာလေးတွင် အခင်းလေးခင်းကာ
နောက်မှီခုံ အသေးလေးတွင် ထိုင်နေကာ
ဖျော်ရည်သောက်နေလေသောအမျိုးသားလေးသည်
မျက်မှောင်လေးတွေ အနည်းငယ် တွန့်ချိုးနေလေသည်။

ခွန်းထက်လွင် ငြိမ်သက်စွာ ဖျော်ရည်ထိုင်သောက်နေသော
ကလေးလေးကို အသည်းယားမိပါသည်။

ကိုယ်တွေလက်တွေနာနေသည်ကြောင့် ခွန်းထက်လွင်
ပင်ဘယ်ဘက် သွားတာကို ခွင့်မပြုလျှင်
မျက်မှောင်လေးတွေ ကုတ်နေလေသည်မှာ အခုထိပင်။

အမှန်တော့ လေစိမ်းတိုက်တာကို စိုးရိမ်တာထက်
သျှားရဲ့ ဆွဲဆောင်မှုရှိနေတဲ့ အချစ်အမှတ်အသားတွေနဲ့
ပုံကို လူအများမမြင်အောင်ထားချငိတာပိုသည်။။
ဒါပေမယ့် အမှန်တရားကို သိလျှင် အသည်းအသက်လေးက
သူ့ကို လုပ်လိမ့်မည်။

မျက်နှာလေးမကောင်းတော့လည်း ခွန်းထက်လွင်မှာ
စိတ်မကောင်းဖြစ်ရပါသည်။
ကမ်းခြေတစ်ခုလုံးကို ငှားပစ်လိုက်ရမလား။
ကျွန်းတစ်ကျွန်းကို ၀ယ်လိုက်တာက ကိုမြန်မယ်ထင်သည်။

ခွန်းထက်လွင် စိတ်ထဲတွင် လက်သီးလက်မောင်းတန်းကာ
ကျေနပ်သွားပြီးမှ သတိရလိုက်သည်။
သူ့လို ပန်းဆိုင်လေးတစ်ခုထဲသာ
ဖွင့်ထားတဲ့သည်ဆိုသောသူသည်
ဘယ်လိုလုပ် လုပ်ပေးနိုင်မည်နည်း။

ခွန်းထက်လွင်၏ ပုံစံသည် အမြှီးလေးကုပ်ကျသွားလေသော
ခွေးစုတ်ဖွားကြီးနှင့် တူနေလေသည်။

သျှားမြတ်စေသာ ဖျော်ရည်သောက်နေရင်းမှ
အစ်ကို့ကို မော့ကြည့်လိုက်လျှင် နားရွက်ကလေးတွေ
ကုတ်ကျနေကာ ခေါင်းလေးငုံ့ထားလေသည်။

သျှားမြတ်စေသာ ပိုလို့မျက်မှောင်လေးကုတ်လိုက်မိသည်။
ဒီလူကြီး ဘာဖြစ်နေသနည်း။

"ခင်ဗျား အနားကိုလာ"

အစ်ကို့ကို သျှားလက်ပြကာ ခေါ်လိုက်လျှင်
ဘေးနားသို့ ၀င်ထိုင်လာကာ ပါးပေါ်သို့ အနမ်းလေးတစ်ချက်သည်လည်း ကျရောက်လာသည်။

"ခင်ဗျားကြီး ဘာဖြစ်နေတာတုန်း"

"ဘာမှမဖြစ်ပါဘူး"

Melting In Love (Complete)Où les histoires vivent. Découvrez maintenant