Ep34

234 10 3
                                    

ထမင်းစားခန်းထဲတွင် လေထုသည် တိတ်ဆိတ်နေသည်။
အကုန်လုံးသည် သျှားတို့ကို စောင့်ကြည့်နေမှန်းသိသည်။
အစ်ကိုသည် ထမင်းပန်းကန်ကို တစ်ချက်မျှ
မထိသလို သျှားသည်လည်း ထိုနည်းတူပင်။
ထမင်း၀ိုင်းထိပ်မှ အဘိုးအိုသည် မျက်မှောင်ကုတ်နေရင်းမှ စားပွဲခုံပေါ်မှ ပန်းကန်တို့ကို တွန်းလှန်ပစ်လိုက်သည်။

"ခွန်းထက်လွင် မင်းသတ္တိကောင်းနေတာလား။
မင်းနေမကောင်းဘူးဆိုပြီး မျက်ကွယ်ပြုထားမယ်ထင်တာလား။ လူကြီးသူမကို ဘယ်လိုလေးစားရမှန်းမသိဘူးပေါ့"

အစ်ကိုသည် တည်ငြိမ်သော မျက်နှာထားနှင်ခြေချိတ်ထိုင်လိုက်သည်။

"အဘိုး ခင်ဗျားက ဒေါသတွေထွက်နေတာဘဲ
ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။
နောက်ပြီး ကိုယ်ကျန်းမာရေးကောင်းလား
မကောင်းလား လူတိုင်းသိထားတယ်မလား။အဟက်"

ထမင်းစား၀ိုင်းရှိ လူတိုင်းသည် ထိုစကာူကြောင့်
မျက်နှာပျက်ကုန်ကြသည်။
အဲ့အချိန်က အပြောင်းအလဲကို ဒီမှာရှိနေတဲ့သူတိုင်း
ငယ်ရွယ်တဲ့ကလေးများမှ လွဲ၍ သိထားသည်။

"မင်း မင်းကို ကောင်းစေချင်လို့ လုပ်ခဲ့တာကို
ငါတို့ကို အခုထိ မုန်းတီးနေတယ်ပေါ့။"

ခွန်းထက်လွင် အေးစက်စွာ စိုက်ကြည့်လိုက်သည်

"အဟက် ကောင်းစေချင်လို့"

"........"

"အဘိုး ခင်ဗျားဒေါသတွေ ထွက်လွန်းနေတယိ။
နေကောင်းအောင် ကိုယ်ဆေးရုံလိုက်ပို့ပေးမယ်
ဘာလို့ မသွားရမှာလဲ"

အဘိုးအိုသည် ဒေါသထွက်စွာဖြင့် စားပွဲပေါ်ရှိ ကျန်နေသေးတဲ့ ပန်းကန်ဖြင့် ကောက်ပေါက်လာသည်။

သျှားမြတ်စေသာ အစ်ကို့နားမရောက်ရင်
ထိုပန်းကန်ပြားကို ဆွဲဖမ်းလိုက်ရင်း
ထိုလူကြီးကို စိုက်ကြည့်လိုက်သည်။

အစ်ကို၏ အဘိုးဖြစ်တာကြောင့် အစ်ကိုလုပ်မကောင်းသည်များကို သူ့လိုသူစိမ်းက လုပ်နိုင်တာကို
​ပြချင်လိုက်တာ။

"အဘိုး ခင်ဗျားက ကိုယ့်မြေးကို သိပ်ကို လက်ပါလွန်းနေတာဘဲ"

Melting In Love (Complete)Where stories live. Discover now