Ep35

209 9 3
                                    

"ရှုရှု" (ဦးလေး)

အိမ်ရှေ့တွင် ကားထိုးရပ်လိုက်သည်နှင့် သွင်သျှားလေးရဲ့
ချစ်စရာအသံလေးကို အရင်ဆုံးကြားလိုက်ရသည်။

သျှားမြတ်စေသာ သဘောတကျရယ်လိုက်မိလျှင်
အစ်ကိုသည် မျက်မှောင်ကုတ်လာသည်။

Oh! ဒီလူကြီး ရှာလကာရည်တွေ ဘာလို့
လွယ်လွယ်သောက်နေရတာလဲ ဒါခင်ဗျားရဲ့၃နှစ်တောင်
မပြည့်သေးတဲ့ တူလေးပါနော်။

"ခင်ဗျား တူလေး ထွက်ကြိုနေပုံဘဲ"

"ကိုယ့်ရဲ့သျှားကို ညာစားဖို့စောင့်နေတာ"

သျှားမြတ်စေသာ မျက်မှောင်ကုတ်နေသော သူကြီးကြောင့် မျက်ခုံးလေးနှစ်ခုကြားကို နမ်းလိုက်လျှင်
အစ်ကိုသည် အနည်းငယ် မျက်မှောင်ကြုတ်တာလေး
ပြောလျော့သွားသည်။

"ကိုယ့်ကိုဘဲ နမ်း သျှား"

"ခင်ဗျားရေ"

"ရွှတ်စ်"

ခွန်းထက်လွင် သျှားရဲ့ပါးလေးကို နမ်းလိုက်ရင်း
ပြောလိုက်သည်။

"အဲ့ ကောင်စုတ်လေး နမ်းတာမခံနဲ့"

သျှားမြတ်စေသာ ခေါင်းလေးသာခါနိုင်သည်။

"ကလေးအောက်မှာစောင့်နေပြီလေ ဆင်းရအောင်"

"ရှုရှု  ၀ူးးး"

အပြင်ဘက်ရှိ သွင်သျှားလေးမှာတော့
အချီထားတဲ့ သက်တော်စောင့်မမလက်ထဲကနေ
ငိုကြွေးလာပြီ။

ဒီမမက သူ့မေမေကိုဘဲဂရုစိုက်တာ။
သွင်သျှားလေးမပျော်တော့ပေ။
နောက်ထပ် မျက်ရည်တွေ ကျရန် ပြင်လိုက်စဥ်
သွင်သျှားလေးသည် လူတစ်ယောက်၏ ပွေ့ချီခြင်းကို
ရရှိလိုက်သည်။

သျှားမြတ်စေသာ ချီလိုက်သည်နှင့် ထိုအချွဲလေးသည်
အစ်မ၀မ်းကွဲရဲ့ သက်တော်စောင့်ကို ကျောခိုင်းလို့
သျှားရင်ခွင်ထဲ မျက်နှာလေးဖွက်ထားသည်။

အစ်မ၀မ်းကွဲမှာ သူ့သားလေးရဲ့ အမူအရာလေးကြောင့်
စိတ်မထိန်းနိုင်တော့စွာ တင်ပါးလေးကို ခပ်ဖွဖွပုတ်ရင်း
စနောက်လိုက်သည်။

"သားလေးရေ မင်းလေးက အလည်လေးဘဲနော်။
အခုတော့ တီတီလေးကို ကြည့်တောင်မကြည့်တော့ဘူးပေါ့ ရက်စက်တဲ့နှလုံးသားလေးနဲ့ ပိစိလေး"

Melting In Love (Complete)Where stories live. Discover now