Ep44(Final)

551 13 5
                                    

အနက်ရောင်ကားလေးသည် အိမ်တော်၏ ခြံ၀င်းထဲသို့ရောက်ရှိလာကာ ရပ်တန့်သွားလျှင်
အိမ်ထဲမှ လူသေးသေးလေးသည် လျင်မြန်စွာပြေးလို့
ထွက်လာလေသည်။

သျှားမြတ်စေသာ ကားပေါ်ကနေ ဆင်းလိုက်သည်နှင့်
"ရှုရှု"ဆိုသည့်
နို့နံ့လေးနှင့် အသံလေးကို ကြားလိုက်ရသည်။

အသားပြည့်ပြည့်လေးနှင့် ချစ်ဖို့ကောင်းလွန်းတဲ့
ကလေးလေးကို သျှားမြတ်စေသာ ချီလိုက်ရင်း
အာဘွားတစ်ချက်ပေးလိုက်လျှင် သွင်သျှားလေးသည်
တခစ်ခစ်ရယ်လေသည်။

"ရှုရှု အလုပ်ကနေ ပြန်လာတာလား"

"ဟုတ်တယ် ရှုရှု အလုပ်ကနေ ပြန်လာတာ"

လက်ထဲရှိ ကိုယ်လုံးအိအိလေးကို သျှားမြတ်စေသာ
အသည်းယားမိပါသည်။

"ရှောင်ရှုရှု ရှုရှုက ပန်းပင်တွေရှိတဲ့နားကို လာခဲ့ခိုင်းလိုက်တယ်"

သျှားမြတ်စေသာ ဒီတူရီးနှစ်ယောက် တည့်သွားလေပြီလားလို့ တွေးလိုက်မိသည်။

"oh! မင်းလေးက ဦးလေးကို ကူညီဖို့အသင့်ဖြစ်နေပြီပေါ့လေ"

သွင်သျှားလေးသည် ခေါင်းလေးကို ပလုတ်တုပ်လေးလို ခါလာရင်း

"ရှုရှုက အဲ့ဒါပြောပေးရင် ချောကလက်ကျွေးမယ်ဆိုလို့"

"အဟား ဟုတ်ပါပြီ ရှောင်ရှုရှုရဲ့ပေါင်ပေ့လေးရေ"

သျှားမြတ်စေသာ သဘောတကျရယ်လိုက်ရင်း
သွင်သျှားလေးကို ကလေးထိန်းလက်ထဲသို့ပြန်ထည့်ပေးလိုက်သည်။သွင်သျှားလေးကို
ခနနေရင် ပြန်လာခဲ့မည်ဖြစ်ကြောင်းပြောခဲ့လို့
၀ယ်လာသော မုန့်လေးကို ထည့်ပေးလိုက်သည်။

သွင်သျှားလေးသည်  မလွှတ်ချင်ခဲ့ပေ
မတော်လို့ သူ၏ ရှောင်ရှုရှုကို ရှုရှုက အရင်တစ်ခါကလို
မြိုချဖို့လုပ်ရင် ဘယ်လိုလုပ်မလဲ။

ကလေး၏ အတွေးကို မသိသော
သျှားမြတ်စေသာကတော့ အစ်ကိုရှိမည့်နေရာဆီသို့။

သျှားမြတ်စေသာ လာဗင်ဒါပန်းခင်းကြီးနားတွင်
ရပ်ကာ ပင်လယ်ပြင်ဘက်ကို ငေးမောနေသော အစ်ကို​ကို တွေ့လိုက်ရသည်။
ဘေးနားတွင် ပစ္စည်းတစ်ခုကိုလည်း အဖြူရောင်ပိတ်စဖြင့် ဖုံးထားလေသည်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 10 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Melting In Love (Complete)Où les histoires vivent. Découvrez maintenant