Ep36

158 9 2
                                    

တိုးလျသော စာရွက်လှန်သံလေးသည်
စာကြည့်ခန်းထဲတွင်း တီးတိုးလေးထွက်ပေါ်နေသည်။

သျှားမြတ်စေသာ ပေါင်ပေါ်တွင်တင်ထားလေသော
စာရင်းစာအုပ်ကိုလည်း ဂရုမစိုက်နိုင်။
စာကြည့်စားပွဲတွင် မျက်မှောင်အနည်းငယ်ကုတ်နေလျက်
အလုပ်လုပ်နေသော အစ်ကို့ဆီသာ အာရုံရောက်နေသည်။

အလုပ်လုပ်ရာတွင် အာရုံစူးစိုက်နေသော အစ်ကိုသည်
သိပ်ကို ကြည့်ကောင်းလွန်းသည်။
ဆန့်တန့်ထားတဲ့ ခြေထောက်ကို သျှားမြတ်စေသာ
အနည်းငယ်လှုပ်ရှားလိုက်ရင်း အစ်ကို့ကိုကြည့်ရင်းမှ
ကိုက်ထားမိလေသော ဘောပင်ကို လွှတ်လိုက်သည်။

သူ့ရှေ့မှာ ဒီလိုဆွဲဆောင်မှုရှိတဲ့ နတ်ဘုရားတစ်ပါးလုံးရှိနေတာ ပျင်းစရာကောင်းတဲ့ စာရင်းစာအုပ်တွေကို
ကြည့်နိုင်ဦးမည်တဲ့လား။

သျှားမြတ်စေသာ အစ်ကို့ကို
သေချာငေးမောကြည့်နေမိသည်။
သူ့ရဲ့ ယောကျာ်းက တစ်နေ့တစ်ခြားပိုလို့
ကြည့်ကောင်းလာလိုက်တာ။

အရင်လတွေက ပင်ပန်းနေခဲ့ရတဲ့ အစ်ကို့သည်လည်း
တစ်မျိုးဂရုဏာသက်စရာကောင်းသလို
အခုပုံစံကတော့ ဆွဲဆောင်အားပြင်းပြလွန်းတာပင်။

သျှားမြတ်စေသာ ကုန်လွန်တဲ့အချိန်တွေကို တွေးမိတော့
ခပ်ဖွဖွပြုံးမိသည်။ သျှားရော အစ်ကိုရော
ပေါင်းပြီး ပြင်ဆင်ထားတဲ့ အစီအစဥ်တွေ ရှာဖွေထားတဲ့သက်သေတွေကြားမှာ အစ်ကို့၏ ဆွေမျိုးတွေသည်
အကုန်ဒူးထောက်ကျရသည်။

သျှားမြတ်စေသာ တွေးမိသည် တကယ်တော့
သူချစ်ရသော အစ်ကိုသည် ဖြူကောင်လေးနှင့်တူသည်။
နူးညံ့တဲ့စိတ်ထားလေးကလည်း တစ်ထောင့်တစ်နေရာမှာ
ရှိနေသေးသည်။

အစ်ကို့၏ မိဘတွေအကြောင်းသိရတဲ့အခါမှာလည်း
သျှားမြတ်စေသာမှာ ပြောစရာမရှိခဲ့ပင်။
အပွင့်လင်းဆုံးပြောရရင် ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတဲ့ သူ့အတွက်တော့ ဒါတွေက စိတ်လှုပ်ရှားစရာပြဇာတ်တစ်လိုပင်။

သျှားမြတ်စေသာ ခြေထောက်လေးပြန်ချလိုက်ကာ
စားပွဲပေါ်မှ လက်ဖက်ရည်လေးကို ခပ်ဖြေးဖြေးငှဲ့လိုက်သည်။
အလုပ်လုပ်နေသော အစ်ကို့ကို စိတ်အနှောင့်အယှက်မဖြစ်စေလိုပါ။
ပြန့်ကျဲနေတဲ့ စာရွက်တွေသည် သျှားမြတ်စေသာ
ရှာဖွေထားတဲ့ အစ်ကို့အတွက် တိုက်ခိုက်ပေးမယ့်
အချက်အလက်တွေ။
ဒါတွေလည်း မလိုတော့ဘူးဆိုတော့ သျှားခနနေရင်
မီးရှို့ပစ်ရတော့မှာဘဲ။

Melting In Love (Complete)Where stories live. Discover now