Ep7

267 17 3
                                    

Shopping Mallထဲတွင် လက်ချင်းတွဲထားကာ
အတူတူသွားနေသော အမျိူးသားနှစ်ဦး

တစ်ဦးသည် မျက်နှာသေနှင့် အေးစက်သော အမူအရာရှိလို့
နောက်တစ်ယောက်သည် ဆန့်ကျင်ဖက်ဖြစ်သော
နွေးထွေးသော အမူအရာနှင့် ပြုံးရွှင်သောမျက်နှာလေးရှိသည်။
ဒုတိယအမျိုးသားလေးကို သေချာစိုက်ကြည့်မည်ဆိုလျှင်
နွေဦးမှာ တိုက်ခိုက်လေတဲ့ လေပြေလေးကို ခံစားရသလိုကို
ခံစားမှုရရှိစေလိုက်မည်။
Shopping mallထဲရှိ လူအတော်များများကပင်
သျှားတို့နှစ်ယောက်ကို လှည့်ကြည့်နေကြသည်။

သျှားမြတ်စေသာ ကြာတော့ မျက်နှာတွေတောင်
ပူလာကာ ဘေးနားက တွဲထားလေသောရေခဲတုံးကြီးလက်ကို အနည်းငယ်လှုပ်လို့
တီးတိုးပြောလိုက်သည်။

"ခင်ဗျားက ဆွဲဆောင်မှုရှိနေလိုက်တာ ကြည့်ဦး
ကိုယ်တောင် မနေတတ်တော့ဘူး"

သျှားမြတ်စေသာရဲ့ အပြောကို ခွန်းထက်လွင်
မျက်မှောင်ကုတ်လို့ ကြည့်လိုက်ပါသည်။
သျှားမြတ်စေသာနှင့် တွဲထားလေသော လက်မှာ
ပုံမှန်အတိုငိးဖြစ်သော်လည်း နောက်လက်တစ်ဖက်မှာမူ
လက်သီးကို တင်းနေအောင်ဆုပ်ထားမိသည်။

အဲ့လူတွေက သူ့လူကိုကြည့်နေတာ ။
သူ့ရဲ့အမျိုးသားလေးကို စူးစမ်းလိုစိတ်တွေထက်
တပ်မက်တဲ့စိတ်တွေနဲ့ ကြည့်နေတာ။

ခွန်းထက်လွင် သျှားမြတ်စေသာကို မျက်လုံးမှေးကာကြည့်လိုက်သည် ထိုအမျိုးသားလေးကတော့ သိပုံမရပေ။

"မင်း ၀ယ်စရာရှိတာ မြန်မြန်၀ယ်။"

ခွန်းထက်လွင်ရဲ့ အပြောကြောင့် သျှားမြတ်စေသာ
ခေါင်းငြိမ့်လိုက်ရင်း ဒုတိယထပ်ကိုသာ တန်းသွားဖြစ်လိုက်သည်။
ထိုနေရာမှာ သျှား ၀ယ်နေကြဆိုင်ရှိသည်။
သူ့ဘေးနားက လက်တွဲထားသော အမျိုးသားကို
အင်္ကျီလေး၀ယ်ပေးချင်ပါသည်။

ဆိုင်ထဲရောက်လျှင် ၀န်ထမ်းများက အနားကိုလာသောအခါ
သျှားမြတ်စေသာ ကိုယ့်ဘာသာကြည့်မယ့်အကြောင်းသာ
ပြောလိုက်ရင်း မျက်မှောင်တွေကုတ်နေလေတဲ့ထိုလူသားကို
အကြောင်းပြချက်လေးပြောပြလိုက်သည်။

Melting In Love (Complete)Место, где живут истории. Откройте их для себя