Ep6

296 15 1
                                    

သွယ်လျခြင်းမရှိပေမယ့် အကြည့်စူးစူးတွေရှိလေတဲ့
မျက်၀န်းတစ်စုံ။
နှုတ်ခမ်းပါးတို့ကို တင်းအောင်စိထားလေသော
အမျိုးသားသည် လက်ထဲတွင် ရုပ်ရှင်လက်မှတ်တစ်ခုကို
တင်းနေအောင် ဆုပ်ကိုင်ထားလျှက်
နေရောင်အနည်းငယ်ဖျာကျနေလေသော
စားပွဲအဖြူလေးနားတွင်  ခြေချိတ်ကာ
ထိုင်နေလေသည်။

ဘေးနားတွင် နေရာတကျ စီရီထားလေသော
ပန်းများမှာလည်း လှပစွာ စိမ်းလန်းနေလျှက်
ထိုမြင်ကွင်းကို မြင်တွေ့ရသည်မှာ မင်းသားလေးတစ်ပါးကို
ကြည့်ရသည်နှင့်ပင် တူနေသည်။

ခွန်းထက်လွင် လက်ထဲရှိ လက်မှတ်ကို ဆုပ်ကိုင်ထားလို့
ကာရံထားသော မှန်တွေမှတစ်ဆင့်
သျှားမြတ်စေသာရှိလေသော အချိုပွဲဆိုင်လေးကို
ကြည့်နေမိသည်။

တက်ကြွလွန်းသောထိုအမျိုးသားလေးသည်
ခွန်းထက်လွင်နေကောင်းသည်နှင့် ရုပ်ရှင်လက်မှတ်တစ်စောင်ကို
လက်ထဲထိုးထည့်သွားခဲ့လေသည်။
တစ်နေကုန် အချိန်ပေးတာကို လိုချင်ပါသည်တဲ့
ခွန်းထက်လွင် အကျင့်အတိုင်းဆို ငြင်းလိုက်မည်ဖြစ်သော်လည်း
ထိုနေ့က ထူးခြားစွာဘဲ နှုတ်ဆိတ်လျက် ခေါင်းသာငြိမ့်ပြလိုက်မိသည်။

ထိုနေ့က ပျော်ရွှင်သွားလေသော သျှားရဲ့ မျက်နှာလေးကို
ခွန်းထက်လွင် မမေ့ချေ။
သိပ်ကို ပျော်ရွှင်သွားတဲ့ အမူအရာလေး
သူနဲ့ အတူ လျှောက်လည်ရမှာမလို့ ပျော်ရွှင်သွားတာလေးက
နှာလုံးသားကို အကောင်လေးတစ်ကောင်က
လက်သည်းလေးတွေနဲ့ ခပ်ဖွဖွ ကုတ်ခြင်နေသလိုပင် ခံစားရသည်။အလိုလိုက်ခြင်စိတ်တို့ကို ဖြစ်ပေါ်စေပါသည်။

အချိုပွဲဆိုင်လေးကို ကြည့်ရင်း ခွန်းထက်လွင် နာရီကြည့်မိလျှင်
အချိန်မှာ တစ်နာရီကျော်လိုသေးသည်။
စိတ်လောနေကြောင်း တွေးမိလေတဲ့အခါ
ခပ်ဟဟရယ်လိုက်မိပါသည်။

"သျှားမြတ်စေသာ  ကိုယ် ကြိုးစားကြည့်ချင်တယ်။
မင်းနဲ့ ထိုက်တန်ပါ့မလားမသိပေမယ့်ပေါ့"

ခပ်တိုးတိုးရေရွတ်လိုက်မိတဲ့ စကားတွေ
ခွန်းထက်လွင်ရဲ့ အကြည့်တို့သည် လာဗင်ဒါပန်းတွေထားရာ
နေရာကို ရောက်သွားလျှင် ပြုံးလိုက်မိသည်။
အပြုံးအရယ်ရှားလေသော ခွန်းထက်လွင်သည်
ပြုံးရယ်လိုက်သောအခါ၀ယ်  ညာဘက်ပါးမှာ ပါးချိုင့်ကလေးတစ်ခုပင် ပေါ်လာသည်။

Melting In Love (Complete)Where stories live. Discover now