Ep26

197 12 2
                                    

သျှားမြတ်စေသာ လှေကားနားတွင် ရပ်နေစဥ်
တစ်ယောက်ယောက်က လှမ်းကြည့်နေသည်ဟု
ခံစားလိုက်ရသည်။
တံခါးဘက်သို့ ကြည့်လိုက်လေသောအခါ
ကောင်းမွန်စွာ ၀တ်စားဆင်ယင်ထားသည့် အထက်တန်းလွှာ အမျိုးသမီး တစ်ဦးကို သျှားတွေ့လိုက်ရသည်။

သျှားမြတ်စေသာ နှုတ်ခမ်းလေးကို တွန့်ကွေးစွာ
ပြုံးလိုက်မိသည်။
သူ၏ လူအကဲခတ်တတ်သည့် ပညာသည်
အမြဲတမ်း လွဲမှားသည်ဆိုတာမရှိပေ။

ဒီအမျိုးသမီးသည် သူ့ကို အသုံးချစရာတစ်ခုလို
ကြည့်နေသည်တဲ့လား။
စိတ်၀င်စားစရာကောင်းပေသည်။
ဘယ်သူက ဘယ်သူ့ကို ကစားချင်နေတာလဲ။

"ရှပ် ရှပ် ရှပ်"

ခပ်မြန်မြန်လေး လှမ်းလာလေသော
ခြေသံလေးတွေကို ကြားလိုက်ရသောအခါ
သျှားမြတ်စေသာ မတုန့်ပြန်နိုင်ခင် ခြေထောက်ကလေးသည် နွေးထွေးသော ကိုယ်ငွေ့ရှိလေတဲ့
သက်ရှိလေးတစ်ဦးဆီမှာ ဖက်တွယ်ခြင်းကို
ခံလိုက်ရသည်။

ကြည်လင်နေတဲ့ မျက်လုံးရွဲကြီးတွေနဲ့ မျက်လုံးအရောင်တွေသည် အစ်ကိုနှင့် တူလွန်းသည်။
ချစ်ရာကောင်းလွန်းတဲ့ ကလေးလေးဆီမှာ
သျှား ကျရှုံးသွားသည်။

ပွေ့ချီလိုက်သောအခါ၀ယ် နူးညံ့သောအသားအရေလေးနှင့် အိစက်နေလေသည်။
လူသားခေါင်းအုံးလေးပင် သိပ်ကို နှစ်လိုဖွယ်ကောင်းလွန်းသည်။
သျှားမြတ်စေသာ ထိုအမျိုးသမီးကိုလည်း
မေ့လျော့သွားလေသည်။
သူ၏ အာရုံတို့သည် ဒီချစ်ဖို့ကောင်းလွန်းသော
ကလေးလေးဆီတွင်သာ ရှိတော့သည်။

ထိုအဖြစ်ကို မြင်လေသော မိန်းမကြီးမှာ
မျက်မှောင်ကြုတ်သွားလေသည်။
သောက်ကလေး ငါ့လမ်းကို လာရှုပ်ပြန်ပြီ။

သျှားမြတ်စေသာ ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးလေးရဲ့
ပါးအိအိလေးကို လက်ကလေးနဲ့အသာထိလိုက်လျှင်
မျက်လုံး၀ိုင်းကြီးတွေနှင့် သျှားကို ကြည့်နေသည်။
အနီရောင်လေး၀တ်ထားလေသော ကလေးလေးသည်
စတော်ဘယ်ရီသီးလေး တစ်လုံးနှင့်တူပေသည်။

"ကလေးလေး မင်းလေးက ချစ်ဖို့ကောင်းလိုက်တာ"

"၀ူး "

Melting In Love (Complete)जहाँ कहानियाँ रहती हैं। अभी खोजें