Ep4

362 24 0
                                    

"ခွန်းထက်လွင်!!!"

လမ်းမထက်မှာ ထွက်ပေါ်လာလေတဲ့ သျှားမြတ်စေသာရဲ့
အော်သံကျယ်ကျယ် ။
ခွန်းထက်လွင် လှည့်ကြည့်လိုက်လျှင်
ခပ်စူးစူးမီးရောင်နှင့်အတူ သူ့ကိုယ်ကို တွန်းလိုက်လေသော
အားတစ်ခုကိုသာ သိလိုက်ရသည်။
လုံခြုံအောငိပွေ့ဖက်ထားတဲ့ အနေအထားတစ်ခုကို
ရောက်နေတာကိုလည်း သူသတိထားလိုက်မိသည်။

လမ်းပေါ်မှာ လဲကျသွားပေမယ့် ခေါင်းထိမှာဆိုးလို့ 
ကာကွယ်ထားလေသော အေးနေသော လက်အထိအတွေ့
အောက်က လမ်းနှင့် ထိရိုက်ထားလေသော သျှားမြတ်စေသာ
လက်မှာ သက်သာလိမ့်မည်မဟုတ်ချေ။

မြန်ဆန်တဲ့အဖြစ်အပျက်အပြီးမှာ သျှားမြတ်စေသာ
ကြည့်လိုက်လေတော့ အရှိန်တင်မောင်းလာလေသောကားသည် အဝေးကို မောင်းနှင်သွားလေပြီ။

သျှားမြတ်စေသာ  ရင်ခွင်ထဲကလူကိုသာ
ခပ်မြန်မြန်မတ်တပ်ရပ်ခိုင်းလို့ အနာတရဖြစ်မဖြစ်ကိုသာ
ဂရုတစိုက်ကြည့်ရင်း နှုတ်မှလည်း တဖွဖွပြောမိသည်။

သူ ဒီလူ ထိခိုက်သွားမှာ သိပ်ကိုစိုးရိမ်မိသည်။

"ခင်ဗျား ဘယ်နားထိသွားသေးလဲဟင်။
ကိုယ် စိတ်ပူလိုက်တာ "

ခွန်းထက်လွင် သူ့ရှေ့က မျက်ရည်တွေ၀ိုင်းလို့
တဖွဖွပြောရင်း ဘယ်နားထိသွားလဲ လိုက်ကြည့်နေလေတဲ့အမျိုးသားလေးကို ကြည့်ရင်း ခွန်းထက်လွင်ရဲ့ စိတ်ထဲ
ခေါင်းစဥ်တပ်မရတဲ့ ခံစားချက်များစွာ ရှုပ်ထွေးစွာပေါ်လာသည်။

ထိုအမျိုးသားလေးရဲ့ မသိမသာတုန်နေတဲ့ လက်ကလေးကို
နွေးထွေးသွားအောင် ဆုပ်ကိုင်လို့  ကိုယ်လေးကိုပါရင်ခွင်ထဲ
ဆွဲဖက်ထားမိသည်။

တစ်စုံတစ်ရာကို ထုတ်ပြောလိုဟန် ခွန်းထက်လွင်
နှုတ်ခမ်းပါးတို့က ဟသွားပေမယ့်
အသက်ပြင်းပြင်းတစ်ချက်သာရှုလိုက်ရင်း
ခြောက်သွေ့နေလေသော နှုတ်ခမ်းပါးတို့ကို
လျှာသပ်လို့ တင်းတင်းသာစိထားမိသည်။

ခွန်းထက်လွင် တစ်ချက်ကလေး လှုပ်လိုက်ရင်
သူ့လက်ထဲက အနွေးဓာတ်လေး
လွတ်ထွက်သွားမလို ခံစားလာရသည်။

Melting In Love (Complete)Where stories live. Discover now