Ep15

176 12 4
                                    

သျှားမြတ်စေသာ အခုမှအော်ဟစ်နေတဲ့
ဘယ်ကပေါ်လာမှန်းမသိတဲ့သူတွေကို စိုက်ကြည့်ရင်း
မတ်တပ်ရပ်လိုက်လျှင်
နောက်ဆုတ်သွားလေတဲ့ လူတွေ။
ဖုန်းတွေနဲ့ ရိုက်ကူးနေတဲ့သူတစ်ချို့လည်း ရှိနေသေးတာကို
တွေ့လိုက်ရတော့ သျှားမြတ်စေသာ ဟက်ခနဲသာ
ရယ်လိုက်ပါသည်။

လက်ဆစ်မှာပတ်ထားလေတဲ့ သွေးတွေကျဆင်းနေတဲ့နာရီကို
သျှားမြတ်စေသာ အဲ့နားတင်ချွတ်လို့ ပစ်ချထားလိုက်သည်။
တန်ဖိုးကြီးနာရီလေးမှာ အေးစက်စက်ကြမ်းပြင်ပေါ်သို့
ကြမ်းတမ်းစွာ ပြုတ်ကျသွားလေသည်။

နက်ကတိုင်ကို စိတ်ရှုပ်စွာ သျှားမြတ်စေသာ ဆွဲဖြုတ်လိုက်ချိန်တွင်
ဆိုင်ကယ်အနက်ရောင်တစ်စည်းသည် သျှားမြတ်စေသာရှေ့သို့
အမြန်မောင်းနှင်ကာ ရောက်ရှိလာသည်။

ခွန်းထက်လွင် လမ်းမှာ တစ်ချို့အနှောင့်အယှက်လေးတွေကြောင့်
ခနလေး နောက်ကျသွားတယိဆိုတဲ့အချိန်လေးမှာ
ဖြစ်ပျက်သွားတာတွေက ဆောက်တည်ရာမရဖြစ်စေသည်။
လူတွေ အနည်းငယ်အုံနေတဲ့နေရာ အလယ်မှာ
ရပ်နေတဲ့ သျှား မျက်နှာလေးမှာလည်း သွေးတို့ စီးကျနေသေးသည်။
ဒီပုံရိပ်က ခွန်းထက်လွင် ရင်ကို ဓါးတွေနဲ့
ထိုးစိုက်သလို ခံစားရစေသည်။

ခွန်းထက်လွင် သျှားရဲ့မျက်နှာလေးကို တုန်ရီနေသော
လက်ကလေးဖြင့် ထိတွေ့ရန် လုပ်လိုက်တော့လည်း
မလုပ်နိုင်ပေ။
ဒီလူသားလေး သူနှင့်ပတ်သတ်မိတာ အန္တရာယ်တွေထဲ
ရောက်ရလေပြီလား။
ခံစားချက်မဲ့သော ခွန်းထက်လွင်ဆိုသော အမျိုးသားသည်
ချစ်ရသူ ထိခိုက်တာကို တွေ့ရသည့်အခါ မျက်ရည်တွေ ၀ဲလာသည်။

"သျှား ကိုယ် "

တုန်ရီစွာ ထွက်ပေါ်လာလေတဲ့ အသံတို့ဟာ ငိုချင်တာကို
အောင့်အီးထားရပုံ။

သျှားမြတ်စေသာ အစ်ကို့ကို ရင်ခွင်ထဲသာ ဆွဲဖက်ထားရင်း
ကျောလေးကို ဖွဖွလေးသပ်ပေးမိသည်။
ဒီကလေးကြီးကို သျှား ဘယ်လို​ချော့ရပါ့မလဲ။

"ဘာမှမဖြစ်ဘူး အစ်ကို ကိုယ်အဆင်ပြေတယ်။"

ပုခုံးလေးတွေ တုန်နေကာ ခေါင်းလေးခါလို့
အသိစိတ်မကပ်တဲ့ အစ်ကို့ပုံစံကြောင့် သျှားမြတ်စေသာ
ကိုယ့်ကိုကိုယ် ဒေါသထွက်မိသည်။
ဒဏ်ရာမရအောင် ပိုသတိထားလိုက်ရမှာ။
အစ်ကို လက်ကလေးကို စုပ်ကိုင်လို့ အကြည့်ချင်းဆုံစေလျှင်
အစ်ကိုသည် အကြည့်လွှဲသွားသည်။
သျှားမြတ်စေသာ သဘောကျသော နှုတ်ခမ်းပါးလေးတို့မှာ
မဲ့ကျနေလေရာ သျှား စိတ်ထဲ မကောင်းပေ။

Melting In Love (Complete)Where stories live. Discover now