အပိုင်း 1 (ZawGyi&Unicode)

7.9K 404 25
                                    

ဘုရား​ကျောင်းတစ်​ခုထဲက ညိမ့်​ညိမ့်​​ညောင်း​ညောင်း စီးဆင်းထွက်​​ပေါ်လာ​သော တ​ယောထိုးသံ​လေးတစ်​ခု။

နွေဦးရဲ့အစမို့ ဘုရား​ကျောင်းဝင်းထဲ သစ်​ရွက်​​ကြွေတို့က ​ဖြောက်​​ဖြောက်​​ကြွေကျကာ တ​ယောသံ​လေးနဲ့အတူ ခုန်​ဆင်း​မြူးထူး​နေသ​ယောင်​။

ဟောခန်းမကြီးထဲက လူနှစ်​ရာ​ကျော်​ဟာ တိတ်​ဆိတ်​ငြိမ်​သက်​ရင်း က​လေးတစ်​​ယောက်​ရဲ့ တည်​ငြိမ်​​အေးချမ်းလှတဲ့ အပြုမူမှာ စီး​မျောလို့။

စတိတ်​​ပေါ်မတ်​တပ်​ရက်​လျက်​ မျက်​စိမှိတ်​ကာ
ခံစားမှုအပြည့်​နဲ့ တီးခတ်​​နေတဲ့ ဆယ့်​ငါးနှစ်​အရွယ်​ လူငယ်​​လေးဟာ က​လေးတစ်​​ယောက်​နဲ့လားလားမှမတူ။

ရင့်​ကျက်​တည်​ငြိမ်​လွန်းတဲ့ သူ့ပုံစံဟာ တစ်​နည်းအားဖြင့်​ လူအများကို ဆွဲ​ဆောင်​နိုင်​​စေပြီး ပါရမီပါတဲ့လက်​သွယ်​သွယ်​တို့က တ​ယောတစ်​လက်​ကို ကျွမ်းကျင်​စွာ တီးခတ်​​နေခဲ့သည်​။

လွမ်းဆွတ်​ဖွယ်​ရာ​ရော ကြည်​နူးစရာ​ပါ ​ရောယှက်​​နေတဲ့ သံစဉ်​​တေးသွားတစ်​ပုဒ်​က လူအားလုံးကို ငြိမ်​သက်​​နေ​စေပြီး က​လေး​လေးတစ်​​ယောက်​ရဲ့ စိတ်​နှလုံးကို​တောင်​မှ မှင်​သက်​​နေ​စေသည်​အထိ။

အချိန်​အ​တော်​ကြာ တီးခတ်​မှုရဲ့​နောက်​မှာ မြင့်​တက်​လာတဲ့ သံစဉ်​က လူ​တွေရဲ့စိတ်​ဆန္ဒကို ထပ်​​လောင်းအရှိန်​တင်​​စေလာပြီး တ​ဖြေး​ဖြေး ​လျော့ကျသွားတဲ့ သံစဉ်​​လေးနဲ့အတူ ထို​လူငယ်​​လေးရဲ့ တ​ယောထိုးတံကိုကိုင်​ထားတဲ့ လက်​​တွေဟာ ငြိမ်​သက်​သွား​လေ​တော့သည်​။

ဖြောင်း...​ဖြောင်း...​ဖြောင်း....

လက်​ခုပ်​လက်​ဝါးတီးကာ အား​ပေးလာတဲ့ လူနှစ်​ရာ​ကျော်​ရဲ့ အား​ပေးမှုဟာ ဘုရား​ကျောင်းကြီး တစ်​ခုလုံးကိုတုန်​ခိုက်​မတတ်​ မြည်​ဟီး​စေခဲ့သည်​။

စင်​​အောက်​က လူ​တွေရဲ့ ​ကျေနပ်​အားရတဲ့ အပြုံး​တွေနဲ့ ချီးမွမ်း​ထောပနာပြု​နေတဲ့ မြင်​ကွင်းကို ကျ​နော်​စင်​​ပေါ်မှ ဂုဏ်​ယူစွာ​​ခေါင်းငုံ့အရို​သေ​ပေးလိုက်​သည်​။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Where stories live. Discover now