Part(1) Uni (State ကျောင်းတော်မှချစ်ရသူ)

9.1K 413 19
                                    

(အရင်ဦးစွာ fic cover လေးက banana fish ထဲက
ဇာတ်ကောင်နှစ်ယောက်ရဲ့ ပုံကို ယူသုံးထားပါကြောင်း
ရိုးသားစွာ ဝန်ခံ crd ပေးပါတယ်ရှင့် )

Unicode

ကလင် ကလင် ကလင်။
တိတ်ဆိတ်နေသောမနက်ခင်းတွင် ကျယ်လောင်စွာထွက်ပေါ်
လာသော နာရီနှိုးစက်အသံကြောင့် သော်မင်းခ တစ်ယောက်
အိပ်နေရာမှ လန့်နိုးလာချေသည်။

"ဟာကွာ အိမ်မက်ကောင်းပြီဆိုဖျက်ပြီ။ဘယ့်နှယ်ကွာ အိပ်မက်ထဲ
မှာ crhလေးနဲ့အပြန်အလှန်ရေခဲမုန့်ခွံ့ကျွေးရင်း ချစ်ကြည်နူး
တစ်တီတူးနေပါတယ်ဆိုမှကွာ ဟင်းး"
သော်မင်းမင်းခ အိပ်မှုန်စုံမွှားဖြင့် သက်ပြင်းရှည်ချလျှက် ငြီးငြူ
လိုက်တော့သည်။

သော်မင်းခငြီးလည်းငြီးစရာပေပင်။
ဘာကြောင့်ဆို ကောင်းခန့်ကျော်မည်သော် သူ၏သဘောကျရသူ
ဟာဖြင့် ရင်းနှီးသူ သူ့သူငယ်ချင်းများနှင့်ဆို ရယ်မောပျော်ရွှင်ကာ
ဗရုတ်ကျတတ်သလောက် သူနှင့်မရင်းနှီးသူများနှင့်ဆိုလျှင်
အကြွေးရှင်ရုပ်ကြီးနှင့် ချေချေမိုးမိုး နိုင်လှသည်သာ။

သော်မင်းခဆိုသည်မှာလည်းဘာထူးမည်နည်း။သူ့ငယ်ပေါင်းဒြပ်တူ
နာမ်တူသူငယ်ချင်းများနှင့်ဆို အသေစကားများပျော်မြူးတတ်
သလောက် သူနှင့်မခင်မင်မရင်းနှီးသောသူနှင့်ဆိုလျှင် ရေခဲတုံး
အဖေခေါ်ရလောက်အောင် အေးတိအေးစက်နှင့် တုံဏှိဘာဝေ
နိုင်လှသည်သာ။
ဒါ့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မြင်ဖူးတွေ့ဖူးရုံသာရှိပြီး
မခင်မင်မရင်းနှီးကြလေသော သော်မင်းခနှင့်ကောင်းခန့်ကျော်တို့ရဲ့
အကြား ရင်ခုန်ဖွယ်ရာဇာတ်လမ်းဆိုသည်မှာလည်း သိကြားမင်း
ဖန်ဆင်းပေးတောင် တိုးတက်လာဖို့ရာ လမ်းစက မမြင်ရေးချမမြင်
သည်သာ။
ထို့ကြောင့် အပြင်တွင်စကားတောင်မဆိုမပြုနှင့် မရင်းနှီးလေသည့်
Crhကို မက်သည့်အိပ်မက်လေးအား သော်မင်းခတစ်ယောက်
နှမြောတသဖြစ်နေရခြင်းပင်။

သော်မင်းခ မိမိ၏အိပ်မက်ငယ်အား နှမြောတသတကြီးဖြစ်ကာ
ငြီးငြူနေစဉ်မှာပင် မိမိအား မထသေးဘဲဆက်အိပ်နေသည်
အထင်နှင့် လှမ်းနှိုးလေသော မာတာမိခင်၏အသံအား ကြားလိုက်
ရတော့သည်။

Crush From State School 🖤Donde viven las historias. Descúbrelo ahora