State ကျောင်းတော်မှချစ်ရသူ(15)Uni

1.9K 168 7
                                    

...
...
...
...
"ဟေ့...ဟိုခလေးတို့...ခနခန....''

"ဘာဖြစ်လို့လဲဗျ....''

"ရော့...ဒီဘူးခွံတွေယူသွား
မင်းတို့အတွက်အသုံးတည့်တယ်မလား...''

"ဟာကျေးဇူးတင်ပါတယ်ခင်ဗျ.....''

သော်မင်းခ
ငြိမ်းနှင့်ဇင်ဇင်ပြန်သွားပြီးနောက် အိမ်ထဲရှိ
အချိုရည်ဘူးခွံတွေကိုသိမ်းနေရင်း
ဘူးခွံတွေလိုက်ကောက်တဲ့ မောင်နှမလေးနှစ်ယောက်ကို
တွေ့လိုက်သဖြင့် လှမ်းခေါ်ကာအချိုရည်ဘူးခွံတွေပေးလိုက်
လေတော့...
အစ်ကိုဖြစ်သူက ကျေးဇူးတင်ပါတယ်ဟု
ယဥ်ကျေးစွာပြန်ပြောသဖြင့် ပြုံးလိုက်မိသေးသည်...

ထို့နောက် အစ်ကိုဖြစ်သူ၏အကျီစကို
ညီမ​ဖြစ်သူက ဆွဲလျက် ဘူးခွံကောက်တဲ့အိတ်ကိုယ်စီဖြင့်
တစ်ရွေ့ရွေ့ပြန်ထွက်သွားကြလေသည်....
ညနေပဲစောင်းနေပြီဖြစ်သည်
သူတို့ကိုကြည့်ရတာအိမ်ပြန်အုံးမည့်ပုံမပေါ်ပေ...

ထိုခလေးတွေ အသက်အားဖြင့် အလွန်ဆုံးရှိမှ
၁၂..၁၃လောက်ပေါ့..
ညီမဖြစ်သူဆိုလျှင်...၇နှစ် ၈နှစ်လောက်သာရှိအုံးမည်ထင်၏

""ဒီအရွယ်လေးတွေဆိုတာအမှန်တော့
ကျောင်းနေရမယ့်အရွယ်လေးတွေ
အခုတော့ဘဝအကြောင်းမလှလို့ သူတို့ခဗျာ
ဘူးခွံကောက်နေရတဲ့အဖြစ် သနားပါတယ်''သော်မင်းခ
တွေးလိုက်မိသည်....

"ဟေ့...ကိုကို...မင်းပါကူကောက်ပေးမလို့လား...
အိမ်ထဲပြန်မဝင်တော့ဘူးလား....''
ထိုကလေးတွေအား တစ်မေ့တမြောကြည့်နေသော
သော်မင်းခကို မင်းမြတ်ကလှမ်းအော်လေတော့

"ဘာကိစ္စကောက်ရမတုန်းကွ...
ညနေစောင်းနေပြီ ခလေးတွေကခုထိမပြန်သေးလို့ကြည့်နေတာကွ...''ဟု
သော်မင်းခက ပြန်အော်သည်...

"အာ့ဆိုလည်းအိမ်တိုင်ယာရောက်လိုက်ပို့လိုက်ကွာ...''

"အေး...ပို့မှာ...ပို့ကိုပို့မှာ
ငါတစ်ယောက်ထဲတော့မဟုတ်ဘူး...မင်းလင်ပါခေါ်သွားမှာ
ဟေ့ကောင်သူရ...လာ..သူ့ထားခဲ့..''
မင်းမြတ်အားပြောဆိုလိုက်ရင်းသူရအား
လှမ်းခေါ်သလိုလုပ်တော့ အနှီကောင်က
ဟန်ဆောင်ပန်ဆောင်တောင် လိုက်မယ်မပြောဘူး....

Crush From State School 🖤Donde viven las historias. Descúbrelo ahora