Stateကျောင်းတော်မှချစ်ရသူ(25)Uni

1.8K 155 15
                                    

~~~ချစ်ခြင်းတရားတို့၏နောက်ပါး
အလွမ်းများက ကပ်ညှိလျက်ပါလာစမြဲပေ~~~
..........
..........
"ကောင်း ငါမင်းကိုလွမ်းလိုက်တာကွာ...''
တစ်ကိုယ်တည်းလွမ်းစကားဆိုမိလိုက်ရင်းမှ
ကျောင်းပိတ်လို့ အိမ်ပြန်ရတော့မည်မို့ နှုတ်ဆက်တုန်းက
မခွဲခွာနိုင်ဖြစ်ကာ မျက်နှာတော်ညှိုးကျနေသော ကောင်း၏
ပုံစံအား သော်မင်းခ ပြန်လည်မြင်ယောင်လာသည်....
ခုတော့သူမဟုတ်သလိုပင်...
အိမ်သို့ပြန်ရောက်ကတည်းက ကောင်း ကျွန်တော့်ဆီအဆက်အသွယ်မလုပ်သည်မှာ နှစ်ပတ်မျှပင်
ကျော်နေပြီဖြစ်သည်..

စာလည်းမပို့သလို ဖုန်းလည်းဆက်မလာတာကြောင့်
မနေနိုင်သူ ကိုယ်ကပဲ စ၍စာပို့ကာဆက်သွယ်မိသည်...
သို့သော်seenဖြစ်မလာသောစာများနှင့်အတူ
ဖုန်းခေါ်ဆိုတိုင်း စက်ပိတ်ထားပါတယ်ချည်းနှင့်သာ
တိုးလေသည်....

ချစ်သူဖြစ်ပြီးကတည်းက တစ်ခါမှဒီလောက်မခွဲဖူးသလို
အဆက်အသွယ်လည်းမပြတ်ဖူးလေတာကြောင့် ယခုအချိန်
တွင် သော်မင်းခ မည်သို့မျှခံနိုင်ရည်မရှိဘဲ အလွမ်းဒဏ်ကို
မချိအောင်ခံစားနေရသည်...

တစ်ခါတစ်ခါ ဒေါ်လေးတို့အိမ်ကိုသွားရင်းမှ ကောင်းတို့
အရင်နေခဲ့တဲ့အိမ်ကိုကြည့်ကာ အလွမ်းဖြေရသည်....
ကောင်းများ ဆက်သွယ်လားမလားဟု ဖုန်းကိုထိုင်ကြည့်
နေမိသည်မှာလည်း တစ်နေကုန်ဖြစ်နေတတ်သည်...

မည်သည့်အတွက်ကြောင်း ကောင်းကသူ့ကိုအဆက်အသွယ်
မလုပ်လဲ.. ကောင်းကိုအဆက်အသွယ်လုပ်လို့မရသည်လဲ
မသိပေမယ့် ကောင်းများထားသွားခဲ့ရင်......ဟူ၍တွေးကာ
စိုးရိမ်စိတ်ဝင်ရသည်မှာအခါခါ....

ကောင်းနှင့်ပတ်သတ်လာလျှင် သော်မင်းခကိုယ့်ကိုကိုယ်
ယုံကြည်မှုနည်းလေသည်....
အခြားသော ကိစ္စများတွင်သာယုံကြည်မှုထားနိုင်လိမ့်မည်..
ကောင်းနှင့်သက်ဆိုင်လာလျှင်တော့ သော်မင်းခ၏
ကိုယ့်ကိုကိုယ် ယုံကြည်မှုမှာ သုညအောက်ရောက်ရုံတင်မက
အနုတ်ပါပြနေလေသည်....

"ကောင်းများ ငါ့ကို မချစ်တော့တာလား''ဟူ၍လည်း
တစ်နေ့ကိုဆယ်ကြိမ်မကတွေးမိသည်....
ဘယ်လိုပဲ ယောကျာ်းလေးတစ်ယောက်မို့စိတ်မာတယ်
ဟုဆိုဆို ကောင်းနဲ့များဆိုရင်တော့ စိတ်ကပျော့ညံ့လှ
ပါသည်....
အစကတည်းကမပိုင်ဆိုင်ရလို့ လက်လွှတ်လိုက်ရတာထက်
ပိုင်ဆိုင်ခွင့်ရပြီးခါမှ လက်လွှတ်လိုက်ရသည်က ပို၍နာကျင်
ရသည်ဖြစ်သည်....

Crush From State School 🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ