State ကျောင်းတော်မှချစ်ရသူ(6)Uni

2.2K 222 12
                                    

ယနေ့စာမေးပွဲနောက်ဆုံးနေ့...
သော်မင်းခ  တို့အုပ်စု စာမေးပွဲခန်းမဝင်ခင် bioတစ်မှတ်တန်ကွက်လပ်ဖြည့်များ မှားမှန်များကိုအတူပြန်ကြည့်နေလေသည်.........

ကောင်းတို့ အဖွဲ့သည်လည်း ဘောဂတစ်မှတ်တန်များနှင့်
definition တွေကိုပြန်လည်ကျက်မှတ်နေသည်...

ကလင်..ကလင်..ကလင်....
စာမေးပွဲဖြေဆိုရန်ခေါင်းလောင်းထိုးလေပြီ။
ကျောင်းသားအားလုံးသည်လည်း မိမိတို့ဖြေဆိုရမည့်အတန်းအသီးသီးသို့ဝင်ရောက်လျက်
သက်ဆိုင်ရာခုံနံပါတ်နေရာအလိုက်ထိုင်ကာ စာမေးပွဲဖြေဆို
နေကြပြီဖြစ်သည်။

အတန်းစောင့်ဆရာဆရာမ များကစည်းကမ်းတကျ
သေသေချာချာ စာမေးပွဲစောင့်တာဝန်ကိုထမ်း​​ဆောင်
နေသည်။

After three hours later...........

စာမေးပွဲဖြေဆိုချိန်ပြည့်သည်နှင့်
ဖြေဆိုထားသည့်စာရွက်များကို တာဝန်ကျဆရာဆရာမများကလိုက်လံသိမ်းဆည်းလေသည်။

"ဟေ့ ဘယ်လိုလဲဘယ်လိုလဲ ဖြေနိုင်ကြလား''ငြိမ်းတစ်ယောက်မေးလေသည်

"ဖြေနိုင်တယ်..တစ်မှတ်တန်နှစ်ပုဒ်တော့မရဘူး..ဟွန့်..''

"အမလေး..မိဇင်ဇင်ရယ် နှစ်ပုဒ်ကလေးမရတာ
ကမ္ဘာပျက်မနေနဲ့...ငါဆိုငါးမှတ်တန်တစ်ပုဒ်က အပြည့်အစုံ
မရေးလိုက်နိုင်ဘူးအလွန်ဆုံးရ ၂ မှတ်လောက်ပဲ''
ဟုသူရကပါပြောလာသည်....

"မင်းတို့ကတော်သေးတယ်.....ငါဆိုစာလုံးပေါင်းမှားတာ
အများကြီးရယ်....နှစ်မှတ်သုံးမှတ်လေးမှားတာကိုရှုံ့မဲ့မနေနဲ့မျက်နှာတွေ.....ငါမဲ့ဖို့ထားအုံး...''

"သော်မင်းခ.. နင့်ကိုငါဆရာမနဲ့တိုင်မှာသိလား...
ဆရာမကနင့်ကိုပြောသားပဲ...စာလုံးပေါင်းသေချာကြည့်
စာရလည်းစာလုံးပေါင်းမှားရင် အလကားပဲလို့ပြောတယ်လေ
နင်ကိုက.... သေချာမလုပ်တာ.....ဂွက်..ဂွက်''
ငြိမ်းတစ်ယောက် သူငယ်ချင်းသော်မင်းခအား
ပြောလည်းပြော လက်ကလည်းခေါင်းကို...ဂွက်ခနဲ..
ခေါက်ပြီးသားပင်...

သော်မင်းခကတော့ ခေါင်းအခေါက်ခံရသည်မှာ ရိုးအီနေပြီ
ဖြစ်သောကြောင့် ထူးပြီးနာမနေတော့.....စိတ်လည်းမဆိုးပေ
သူငယ်ချင်းမ ငြိမ်းက ကိုယ့်ကိုဂရုဏာနဲ့ပြောသည်
မဟုတ်လား......
ခေါင်းခေါက်တာကတော့ ဂရုဏာနဲ့ကပ်ပါလာတဲ့ဒေါသကြောင့်ပေပေါ့.......
လက်သံကတော့တယ်ပြောင်သကိုးး..တစ်ချက်ဆို ဆိုသလောက် အီဆိမ့်နေအောင်နာသည်...

Crush From State School 🖤Where stories live. Discover now