Stateကျောင်းတော်မှချစ်ရသူ(20)Uni

2.1K 181 11
                                    

"ထိုနေ့....
ကောင်း ကျွန်တော့်ကို ရင်အခုန်ဆုံးဖြစ်အောင်
​ပြုစားတဲ့နေ့...
ကောင်း ကျွန်တော့်ကို အပျော်ဆုံးလူသားဖြစ်အောင်
ဖန်တီးပေးတဲ့နေ့...
ထိုနေ့လေးကို ကျွန်တော်လုံးဝမေ့မည်မထင်....

ကောင်းကပြောခဲ့လေသည်...
"ခက ကိုယ့်နှလုံးသားရဲ့ the whole kingလေး'' တဲ့

ကောင်းက မည်သို့သောအဓိပ္ပါယ်နှင့်
ပြောခဲ့စေကာမူ ထိုစကားတစ်ခွန်းကြောင့်ပင်
ကျွန်တော့်ရဲ့နှလုံးသားအား ကောင်းထံပါး
အကြိမ်ကြိမ်ပေးအပ်ခဲ့ပြီးဖြစ် လေသည်.....

ထိုနေ့မှ စ၍ ကောင်းသည်
ကျွန်တော့်ကိုအရင်ကထက်ကို ပို၍ဂရုတစိုက်ရှိလာသည်..
ကျွန်တော့်ကို ပို၍အချိန်ပေးလာသည်...
ပိတ်ရက်တိုင်းလည်း အတူတူအချိန်ကုန်ဆုံးပေးလာသည်..

သို့သော် ကောင်းသည်ကား ကျွန်တော့်ကို
"ချစ်တယ်''ဟူ၍ မပြောသေးချေ......
ချစ်တယ်လို့မပြောပေမယ့်လည်း ကောင်း၏
အကြည့် ဂရုစိုက်ကြင်နာမှုတို့မှ ကောင်းကျွန်တော့်အား
သံယောဇဥ်ရှိသည်ကိုတော့သိမြင်နိုင်ပါသည်....

သူငယ်ချင်းလား ဆိုတော့လည်း
သူငယ်ချင်းထက်ပိုလေသည်...
ချစ်သူလား ဆိုတော့လည်း
ချစ်သူဟူ၍မဆိုနိုင်.....သူငယ်ချင်းမကျ
ချစ်သူမကျ အခြေအနေသည် အနည်းငယ်မျှ
ကိုးလို့ကန့်လန့်နိုင်သော်လည်း သော်မင်းခအတွက်
နေပျော်ပါသည်.....

ထို့ပြင် ကွန်ပြူကျောင်းမှwelcomeနေ့က
တစ်ကျောင်းလုံး၏ kingအဖြစ် အပ်နှင်းခြင်းခံရသော
ကောင်းမှာ စင်အောက်သို့ရောက်လေတော့
သူနှင့်ဓာတ်ပုံအတူရိုက်ရန် မော်ကြွားစွာစောင့်နေလေသော
သူငယ်ချင်းzuzueကိုပင်အရင်မခေါ် သော်မင်းခဆီကိုသာ
တန်းတန်းမတ်မတ်လျှောက်လာပြီး သူ၏kingစလွယ်ကြီးအားချွတ်ကာ
သော်မင်းခအားဝတ်ပေးပြီး ဓာတ်ပုံအတူလာရိုက်လေသည်..

ထိုတုန်းကဆို ''kingကြီးက သူ့သူငယ်ချင်းကို
အရမ်းချစ်တာပဲ...''

"ငါတို့တွေရှပြီလား...''

"နှစ်ယောက်စလုံးက ကြွေဆင်လေးတွေ..''

"မသိဘူး...shipပေးပြီ...''
စသည့် သို့လောသို့လော တစ်ယောက်တစ်မျိုး ကိုယ့်
အထင်အမြင်နှင့်ပြောဆိုနေကြသည်မှာ
ပွက်လောကိုရိုက်နေလေသည်...

Crush From State School 🖤Where stories live. Discover now