Part(28)Zawgyi

667 58 14
                                    

~~~
မှိန်ပြနေသော အခန်းငယ်ထဲတွင်
စားကြည့်စားပွဲပေါ်ရှိ ညမီးအိမ်ကြောင့် ခပ်သဲ့သဲ့
အလင်းရောင်ငယ်တော့ ထွန်းလင်းနေပေသည်....

မည်သို့ပင် နှလုံးသားကိစ္စအတွက် ခံစားနေရစေကာမူ
ပညာရေးဘက်တွင်တော့ မလစ်ဟင်းရလေအောင်
သော်မင်းခ ကြိုးစားပါသည်......

မနက်ဖြန်ဖြေမယ့် ဘာသာရပ်နှင့်သက်ဆိုင်သည်တို့ကို
ပြန်လည်ကျက်မှတ်ပြီးသည်နှင့် အချိန်ကိုကြည့်မိတော့
ညကိုးနာရီပင် ထိုးတော့မည်ဖြစ်သည်....

မအိပ်ချင်သေးသည်ကတစ်ကြောင်း
စိတ်ရှုပ်ထွေးနေသည်ကတစ်ကြောင်းကြောင့်
ညဝတ်အကျီကိုလဲကာ ခြံထဲသို့ဆင်းလာကာ
ထိုင်နေကျဒန်းပေါ်တွင် သော်မင်းခထိုင်နေလိုက်သည်....

အမှောင်ကြောက်သော သူ့အတွက်
လမင်းကြီးကတော့ ထိန်ထိန်သာနေပေးလေသည်...

ကြယ်ရောင်စုံများမှိတ်တုတ်မှိတ်တုတ် ထွန်းလင်းနေသော
ကောင်းကင်ကြီးမှာ သာသာယာယာရှိနေသော်လည်း
သော်မင်းခ၏ရင်တွင်းအနက်ရှိုင်းဆုံးနေရာတွင်တော့
လမိုက်ည ဖြစ်နေချေသည်....

ညနေကအဖြစ်အပျက်တို့ကို ပြန်လည်ကာတွေးမိတော့
ဘယ်ဘက်ရင်အုံမှ စူးခနဲအောင့်တက်လာသည်.......
မိမိနောက်သို့ လိုက်လာမည်ဟုထင်ခဲ့သော်လည်း
သူပဲမျှော်လင့်ချက်ကြီးသွားသည် ထင်၏....
ကောင်း၏ အရိပ်အယောင်ကိုနည်းနည်းမျှပင်မတွေ့ပေ....

ညနေက ကောင်းနောက်လိုက်သွားသည့်မိမိကိုယ်သာ
အပြစ်တင်ချင်ပေတော့သည်...
လွယ်အိတ်ပါသွားသည်ကို ကောင်းကပြန်လာပေးမည်
ဟု သိသော်လည်းအလုပ်မပိုစေချင်တာကြောင့်
ချက်ချင်းပင် နောက်မှလိုက်ယူမိသည့် မိမိအပြစ်ပင်....
မဟုတ်လျှင် ထိုမြင်ကွင်းအား သူမြင်လိုက်မည်မဟုတ်ပေ....

ကောင်းနှင့်ဖက်နေသော သူမမျက်နှာကိုတစ်ခါကြည့်
လိုက်ရုံနှင့် မည်သူမှန်းသော်မင်းခ တန်း၍သိပါသည်....
ဘာ့ကြောင့်ဆို ကောင်းနှင့်ပတ်သတ်သည်မှန်သမျှကို
ကကြီး မှ အ အဆုံး သော်မင်းခ မှတ်မိသောကြောင့်ပင်....

"ဟူးးး......''
လေပူတစ်ချက်မှုတ်ထုတ်ကာ မျက်လုံးအစုံကိုမှိတ်လျက်
သော်မင်းခ ဒန်းနောက်ယမ်းအား မှီလိုက်သည်.....
သူ ပင်ပန်းနေပြီဖြစ်သည်....
ကောင်းနှင့်ပတ်သတ်လာလျှင် ထိလွယ်ရှလွယ်နိုင်သော
သူ့စိတ်ကိုလည်း ပြင်၍မရနိုင်.....

Crush From State School 🖤Where stories live. Discover now