Stateကျောင်းတော်မှချစ်ရသူ(37)Uni

1.9K 126 4
                                    

ချစ်သူ၏ရင်ခွင်ထဲ၌ နိုးထလာရသော မနက်ခင်းမှာ
နွေးထွေးမှုအပြည့် သာယာကြည်နူးမှုအပြည့်နှင့်သာ.....
Romance ဇာတ်ကားများထဲတွင်တွေ့ရလေ့ရှိသော
မင်းသား၏ရင်ခွင်တွင်းမှ မင်းသမီးမှာ အိပ်ယာနိုး
လာပြီး မင်းသားအားတစ်စိမ့်စိမ့်ကြည့်ကာ ပြုံးပျော်
နေသည့်အခန်းအား မိမိကိုယ်တိုင်ရောက်နေသလိုပင်
ခံစားရသည်...

ကောင်း၏အိပ်ပျော်နေသည့်ပုံစံအားကြည့်ကာ သော်မင်းခ
ရင်ခုန်နေပြန်ပြီ ဖြစ်သည်....
ရင်းနှီးသောသူငယ်ချင်းများနှင့်မိမိရှေ့တွင်သာ ပြုံးပြ
လေ့ရှိသော လေးကိုင်းပုံနှုတ်ခမ်းလေးများမှာ မိမိတစ်ဦး
တည်းကိုသာ နမ်းရှိုက်တတ်သည်ကိုတွေးမိပြန်တော့
ရင်ထဲငြိမ့်ခနဲ ဖြစ်သွားရသည်....
မျက်ခုံးထူထူတန်းတန်းနှစ်ခုမှာလည်း ကောင်း၏
ယောကျာ်းပီသချောမောမှုအား ထောက်ပံ့ပေးလျက်
ရှိသည်...
နှာတံသွယ်သွယ်စင်းစင်းမှာလည်း ကောင်း၏V shape
သဏ္ဍာန်မျက်နှာနုနုတွင် ကြည့်ကောင်းစွာတည်ရှိသည်...
နဖူးပေါ်သို့ ဝဲဖြာကျနေလေသော အညိုရောင်ဆံပင်
ရှည်ရှည်တို့မှာလည်း ကောင်း၏ဝါဝင်းသော အသား
အရည်နှင့်လိုက်ဖက်စွာ ရှိနေပြန်သည်....

ရုပ်ရည်တွင်လည်းပြောစရာမရှိ
သူမတူအောင်ချောမောသည်....
ပညာရေးပိုင်းတွင်လည်း သူများနှင့်တန်းတူ
ထူးချွန်သော အရည်အချင်းရှိသည်....
အကျင့်စာရိတ္တပိုင်းတွင်လည်း
ပြစ်ချက်မရှိ ကောင်းမွန်လေသည်....
ထိုသို့သော လူမျိုးမှာမိမိကိုသာချစ်ပြီး မိမိသာပိုင်သည်
ဟုတွေးမိပြန်တော့ ရင်ထဲနွေးခနဲဖြစ်သွားရပြန်သည်..

သော်မင်းခ ကောင်း၏မျက်နှာအစိတ်အပိုင်းတို့အား
လက်ဖြင့်ခပ်ဖွဖွတို့ထိနေမိသည်...
ဤလူသားမှာမိမိအပိုင်ဟူသော အတွေးကသော်မင်းခ
အား ဘဝင်မြင့်စေသည်....
ကောင်းအိပ်နေသော ပုံစံအားအသေးစိတ်ငေးကြည့်နေ
မိရင်းမှ သော်မင်းခ မနေနိုင်စွာဖြင့် ကောင်း၏နဖူး
ပြင်အား ဖျက်ခနဲမွှေးကြူလိုက်သည်....

ထို့နောက်ကောင်းအားပြန်ကြည့်လိုက်လေတော့
"အမလေး...''
မျက်လုံးဖွင့်ကာ ပြုံးပြုံးကြီးကြည့်နေလေသော
ကောင်းခန့်ကျော်.....

Crush From State School 🖤Donde viven las historias. Descúbrelo ahora