Stateကျောင်းတော်မှချစ်ရသူ(34)Uni

1.4K 134 7
                                    

မြက်နုပင်များပေါက်ရောက်နေသော တောင်ကုန်းကြီး၏
အစိမ်းရောင်များထူထပ်နေသောကွင်းပြင်၏အစွန်း
တစ်နေရာတွင် တောင်ခြေအားမျက်နှာမူလျက်
ရှိနေသောကောင်လေးတစ်ယောက်၏ကျောပြင်အား ကောင်းခန့်ကျော် ခပ်ဝေးဝေးမှလှမ်းမြင်နေရသည်......

ရင်းနှီးသလိုရှိသည့်ကျောပြင်ငယ်ပိုင်ရှင်အား သေချာ
မြင်ရရန်အတွက်ကောင်းခန့်ကျော် ရှေ့သို့တစ်လှမ်းချင်း
တိုးသွားရင်းမှ တစ်ဖြည်းဖြည်းနီးကပ်လာလေသည်....

စက္ကန့်နှင့်အမျှခုန်လာသောနှလုံးသားကြောင့် မိမိစိတ်ကို
အသာထိန်းရင်း ထိုကျောပြင်ငယ်သို့ထိရန် လက်တစ်ဖက်
အားဆန့်ထုတ်ရန်အပြု တစ်ခုခုကဆီးကာထားသည့်နှယ်
ဖြစ်နေသောကြောင့် ကြည့်လိုက်လေတော့.......

"ကူးကူး.....''
မိမိ၏လက်အားဆွဲထားကာ မိမိအားမဲ့ပြုံးပြုံးရင်း
ကြည့်နေလေသော သူမကို ကောင်းခန့်ကျော်အင်မတန်
ရွံ့ရှာမိသည်.....

"လွှတ်စမ်း....''

"မောင်....မနဲ့အတူနေပါ...''

"လွှတ်...မင်းနဲ့လုံးဝမနေ...အု...''

ငြင်းဆိုရန်ကြိုးစားနေသော မိမိအားရုတ်တရက်
သိပ်သည်းစွာနမ်းလာပါသော သူမ.....
သူမ၏အနမ်းတို့မှာ မှော်ဆန်စွာဖြင့်ကောင်းခန့်ကျော်
ရုန်းမရလေအောင် ဖြစ်နေလေသည်....

"မောင်....မင်း....မင်း...ငါ့ကိုမချစ်တော့ဘူးလား...''
အသံများကြောင့်လှည့်လာပါသော ကျောပြင်ငယ်
ပိုင်ရှင်.....
တစ်နည်းအားဖြင့်
မိမိတသသလွမ်းဆွတ်တမ်းတနေရပါသောလူသားငယ်...
ထိုလူသားငယ်မှာ
မိမိတို့အားမျက်ရည်များကျဆင်းလျက်
ကြည့်နေချေသည်....
'သွားပြီ....မငိုပါနဲ့ ခရယ်....မငိုပါနဲ့....မင်းထင်သလို
မဟုတ်ရပါဘူး......'

ကူးကူးဆိုသည့်သူမအား အားကုန်စောင့်တွန်းလိုက်ရင်း
ချစ်ရသူအား ဖြေရှင်းရန်စကားတို့ကိုရှာကာပြောရန်
ကြံသော်လည်း နှုတ်ခမ်းတို့မှာ အာစေးမိသည့်နှယ်
မည်သည့်စကားတို့မှ ပွင့်အံမလာ....

"မောင်....မင်းငါ့ကို စောင့်နေမယ်ထင်တာ....
ငါမင်းကိုမချစ်ချင်တော့ဘူး....မင်းကသစ္စာမရှိဘူး...''

Crush From State School 🖤Where stories live. Discover now