Part(32)Zawgyi

712 58 6
                                    

   တစ်ချိန်က ရယ်မြူးသံ စနောက်သံများနှင့် ပြည့်စုံ
နေတတ်သော မိသားစုထမင်းဝိုင်းသည် ယခုများတော့
တိတ်ဆိတ်ကာ ငြိမ်သက်နေပေသည်......
ထိုအခြေအနေအား စတင်ဖြိုခွဲလိုက်သူမှာ ဒေါ်နံ့သာ...

"သား....စားလေ...ဘာလို့လဲ
စားမကောင်းဘူးလား....''

"မဟုတ်ပါဘူး..သားဗိုက်တင်းနေလို့...''

"နည်းနည်းလေးပဲ စားရသေးတဲ့ဟာကို...
ကဲကဲ...ဝရင်လည်း ပန်းကန်တွေထားခဲ့လိုက်...''

"ဟုတ်မေမေ...''

သော်မင်းခ ထမင်းစားချင်စိတ်မရှိလေသောကြောင့်
အနည်းငယ်စားခါ စားပွဲဝိုင်းမှ ထလာခဲ့လိုက်သည်...
ထို့အပြင် အရင်လိုမဟုတ် တိတ်ဆိတ်နေသော
အခြေအနေကြီးကို သော်မင်းခ အမှန်တကယ့်ကိုပင်
မနှစ်သက်ပါ....

အခန်းထဲတွင်လည်း နေချင်စိတ်မရှိလေသောကြောင့်
ခြံထဲသို့ဆင်းကာ ထိုင်နေကျ ဒန်းပေါ်တွင် ထိုင်လိုက်
ရင်း အတွေးပေါင်းများစွာကြား နစ်မျောနေလိုက်သည်...
အတွေးတွေကတော့ များကောင်းများပါလိမ့်မည်ပင်...
သို့သော်လည်း အရင်းခဲအကြောင်းအရာမှာ တစ်ခု
တည်းသာပင် ဖြစ်သည်......

အမှန်တကယ်ဆိုလျှင် သော်မင်းခ ယခုအချိန်တွင်
မိဘများအား အချစ်ရေးကိစ္စကို မသိစေချင်သေးပါ...
ကောင်းနှင့်အတူ ရင်ဆိုင်ပြီး ကြံ့ကြံ့ခိုင်နိုင်ဖို့ရာ
သူမပြည့်စုံသေးပါ....

ကောင်းနှင့်ပတ်သတ်၍ မိဘများကသဘောမတူ
ညီခဲ့လျှင်သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခဲ့လျှင်
ဟူသောအဆိုးဆုံးအခြေအနေအား ကြိုတွေးမိသော
အခါ ကောင်းနှင့်အတူနှစ်ယောက်တည်း နေထိုင်
နိုင်ရန်အတွက် ပစ္စည်းဥစ္စာမရှိလေတောင်မှ ပညာ
အရည်အချင်းရှိဖို့တော့ လိုသည်မဟုတ်ပါလား....

ဒီလိုတွေတွေးလို့ မိဘရင်ကိုခြေစုံကန်ချင်တာတော့
မဟုတ်ပါပေ...
အများနှင့်မတူသောသော အချစ်ရေးအတွက်
ဖြစ်လာနိုင်မည့် ပြသနာများကို ကြိုပြီးတွေးမိ
ခြင်းသာဖြစ်ပါသည်......

"သော်လေး....သော်လေးအမေ အန်တီသာ
ခေါ်နေတယ်...အိမ်ထဲကိုလာခဲ့ပါအုံး ပြောစရာ ရှိလို့တဲ့..''
မောင်အေး၏အသံအားကြားခါမှ သော်မင်းခ
အပြင်လောကနှင့်အဆက်အသွယ်ပြန်ရတော့သည်...
စောစောကသူ အတွေးလွန်နေသည်မဟုတ်လား....

Crush From State School 🖤Where stories live. Discover now