State ကျောင်းတော်မှချစ်ရသူ(7)Uni

2.2K 194 11
                                    


Flash Back.......

.ဒီနေ့ မမလှိုင်းရဲ့ မွေးနေ့....မမလှိုင်းဆိုတာက ''မလှိုင်းဝင့်နွယ်''

မမလှိုင်းက အမေ့ရဲ့ညီမအရင်းကမွေးတဲ့
တစ်ဦးတည်းသောသမီး ဖြစ်သည်။ကျွန်တော်နဲ့ဆို
တစ်ဝမ်းကွဲအမပေါ့.....အသက်ကလည်းသိပ်မကွာလှတာမို့
သူငယ်ချင်းပေါင်း ပေါင်းဖြစ်သည်....
ကိုယ်ရဲ့အကောင်းအဆိုးအကြောင်းအကျိုး ကိစ္စရပ်မှန်သမျှ
ကို မမလှိုင်းသိသည်....တစ်ခုခုဆိုလျှင်လည်းတိုင်ပင်သည်။
မမလှိုင်းသည်လည်းထို့အတူပင်....
သူ့ရဲ့အကြောင်းကိစ္စမှန်သမျှ မောင်ဖြစ်သူကျွန်တော့်အား
ပွင့်ပွင့်လင်းလင်း တိုင်ပင်နှီးနှောသည်.......
ဒါကြောင့်မမကအစ်မတစ်ယောက်ဆိုတာထက်
​သူငယ်ချင်းတစ်ယောက်လို့တောင်ပြောလို့ရသည်.........

မမလှိုင်းက မွေးနေ့ဘုရားသွားချင်သည် ဆိုလာသည်ကြောင့်ရော
ကိုယ်တိုင်ကလည်း ကျောင်းပိတ်ပြီဖြစ်လို့ အားလပ်နေမည်
ဖြစ်သည်ကြောင့်.....ဘုရားကိုလိုက်ပို့မယ်ဟု
ကတိပေးလိုက်သည်............

စာမေးပွဲဖြေပြီးတာနဲ့ မမလှိုင်းအတွက်မွေးနေ့လက်ဆောင်ဝယ်ဖို့
ထွက်လာခဲ့လိုက်သည်.....
အရုပ်ဆိုင်တွေအများကြီးရှိပါရက်နဲ့....
ကျွန်တော်ကိုယ်တိုင်မသိလိုက်ဘဲ ဦးတည်နေမိသည်က
ခ တို့လမ်းနားကဆိုင်ဆီသို့.......
ဆိုင်ကိုရောက်တော့ မဝင်သေးဘဲ လမ်းဘက်ကိုငေးကြည့်မိသည်က အချိန်အတော်ပင်ကြာသွားသည် ထင်၏.....
ဆိုင်ထဲကလူတွေကပင်ကွက်ကြည့်ကွက်ကြည့်.....

"အင်းး.....သူအိမ်ကိုပြန်ရောက်သွားတာများလား
တော်ပါပြီလေ ကိုယ့်ဘာသာဝယ်စရာရှိတာဝယ်ပြီး
ပြန်တော့မှာပါလေ''ကိုယ့်ဘာသာတွေးပြီး
ဆိုင်ထဲသို့ဝင်ကာ မမကိုပေးရန် လက်ဆောင်ရွေးနေလိုက်သည်....လက်ဆောင်ဝယ်ပြီးတာနဲ့
ဆိုင်ထဲကနေထွက်လာခါမှ....တွေ့လိုက်ရသည်က အရိပ်လေးတစ်ခု....ခ....ကျွန်တော်ရဲ့စိတ်ကို အပြည့်အဝဖမ်းစားထားသူလေး........သူလည်းကိုယ့်ကိုမြင်၏ထင်သည် စက်ဘီးနင်းနေရင်းကနေ
ကြောင်ငငလေးရပ်ကြည့်နေသည်..........
ဒီဟာလေးကခုထိ ကျွန်တော့်ကိုဆိုအရင်စမခေါ်ရဲသေး
ဒါတောင်ရင်နှီးလာလို့....မရင်းနှီးချိန်တုန်းကဆို
နောက်ကြောင်းပြန်ပြန်ပြေးတတ်တယ်မဟုတ်ပါလား...
ခုအခြေအနေကတော်သေးသည်ဟုပင် ဆိုရချေမည်....

Crush From State School 🖤Tempat cerita menjadi hidup. Temukan sekarang