Part(13) Zawgyi

1K 57 0
                                    

........
........
........
......................(အချိန်တွေပြောင်းလဲလာတာနဲ့အမျှ
တစ်ပါးသူအပေါ်မှာဖြစ်ပေါ်နေတဲ့ခံစားချက်တွေကရော
ပြောင်းလဲသွားနိုင်လား......... အနေဝေးလို့ကြာရင်သွေးအေးသွားမည်လား........)

သေချာတာကတော့
ကျွန်တော့်အတွက်က ကောင်း အပေါ်ထားရှိခဲ့တဲ့
ခံစားချက်တွေကတော့ မပြောင်းလဲခဲ့ပါဘူး........
ချစ်သူတွေမဟုတ်ခဲ့ပေမယ့် ကောင်းအပေါ်
ထားရှိခဲ့တဲ့အချစ်တွေက နွေးထွေးနေဆဲ...
ကောင်း..အကြောင်းတို့ကိုစဉ်းစားလိုက်တိုင်း
ရင်ဘတ်ထဲကအကောင်ငယ်က ခုန်ပေါက်နေဆဲသာ...

ကျွန်တော် ကောင်းနှင့်နောက်ဆုံး တွေ့ခဲ့ရသည်မှာ
လအတော်ပင်ကြာနေပြီဖြစ်သော်လည်း....
စိတ်ထဲမှာတော့ မနေ့တစ်နေ့ကလိုပင်..........

ခုဆိုဆယ်တန်းစာမေးပွဲကလည်းပြီးသွားပြီ.....
အချိန်တန်ရင် ကိုယ့်ဘဝပန်းတိုင်အတွက်
ကိုယ့်လမ်းကိုလျှောက်ရတော့မည်မဟုတ်လား.....
ကောင်းနှင့် တွေ့ဆုံဖို့ရာမည်သို့မျှမဖြစ်နိုင်ချေတော့.

အရင်တုန်းကဆိုဒေါ်လေးတို့အိမ်ကိုသွားရင်း
ကောင်းတို့အိမ်ကိုလှမ်းကြည့်လျှင် ကောင်းကို
တွေ့ရတတ်သည်ဖြစ်ခဲ့သော်ငြား လည်း.......
ခုခါတော့များမှာတော့ အိမ်ပြောင်းသွားကြလေပြီ
ဟူသောသတင်းနောက်မှာတော့
မျှော်လင့်ချက် ဆုံးဆုံးမဲ့ ဖြစ်ခဲ့ရလေသည်........

"အကယ်၍....... အကယ်၍များ...
ထပ်ဆုံတွေ့ဖြစ်ခဲ့ရင်လေ...
အရင်ကသတ္တိမရှိခဲ့လို့
ဖွင့်မပြောခဲ့သမျှ ခံစားချက်တွေကိုလေ
တစ်ခါလောက်တော့ မင်းသိအောင်
ဖွင့်ဟဝန်ခံချင်ပါသေးတယ်......အင်း....
ကောင်းက ချစ်ရသူမရှိသေးတဲ့လူလွတ်တစ်ယောက် ဆိုရင်ပေါ့.....''သော်မင်းခ ခပ်တိုးတိုးရေရွတ်မိသည်..

ဘော်ဒါကိုမပြန်သေးခင် ကောင်းလာနှုတ်ဆက်တုန်းက
ငါ့ကိုအပြီးအပိုင်နှုတ်ဆက်ဖို့များ
ရည်ရွယ်ထားခဲ့လေတာလား...ကောင်း...
အိမ်ကလည်းပြောင်းသွား...
ခိုးမှတ်ထားတဲ့မင်းရဲ့ဖုန်းနံပါတ်လေးကလည်း
ခုဆိုရင်ဆက်လိုက်တိုင်း တပ်ဆင်ထားခြင်းမရှိပါတဲ့
ဘယ်ဆီကိုရောက်လို့ ဘာတွေလုပ်နေလဲ ကောင်းရယ်...

Crush From State School 🖤Where stories live. Discover now