Stateကျောင်းတော်မှချစ်ရသူ(38)U+Z

2.4K 186 10
                                    

Unicode.....

"သားသော်လေး....အိပ်ယာနိုးပြီလား
လာလာ မနက်စာစားရအောင်...''

"ဟုတ်ကဲ့ မေမေချို..သားလဲဗိုက်ဆာနေပြီ...ဟီး..ဟီး..''

"ဟုတ်လား...လာလာ..မေမေအားလုံးအဆင်သင့်ပြင်
ထားပြီးပြီ သွားစားရအောင်... ''

"ဟုတ်...''

အိမ်အပေါ်ထပ်မှ ဆင်းလာလေသော မိမိနှင့် ခ အနားသို့
အပြေးလေးရောက်လာကာဖြင့် ခ အားနံနက်စာ စားရန်
ခေါ်သွားလေသော မိခင်အားကြည့်ကာ ကောင်းခန့်ကျော်
ဘာစကားမှမပြောနိုင်တော့ပေ.....
ခ အားသူ၏အဖွားဖြစ်သူတို့ထံမှ သွားခေါ်ကာပြန်လာပြီး
သည့်နောက်တွင် မိခင်ဖြစ်သူ၏
'သမက်လေးနဲ့တွေ့ချင်လို့ အိမ်ကိုအပါခေါ်ခဲ့အုံး...'ဟူသော
စကားကြောင့် ခ၏မိဘနှစ်ပါးထံ ခွင့်တောင်းကာဖြင့်မိမိ၏
အိမ်သို့ ခေါ်လာခဲ့ခြင်းပင်....

ခ အိမ်သို့စရောက်သည်မှာ တစ်ရက်နှင့်တစ်ညသာ ရှိသေး
သော်လည်း မိမိ၏မိဘနှစ်ပါးလုံးနှင့် အမြန်ပင်ရင်းနှီးလွယ်
သွားလေသည်....
ဖခင်ဖြစ်သူဦးမိုးည ဆိုသည်မှာ ခအား'သားလေး သားလေး'
နှင့် ပါးစပ်ဖျားကမချတော့ပေ....
နဂိုက မိမိအားတည်တည်တံ့တံ့မျက်နှာပေးကြီးနှင့် ဆက်ဆံ
ခဲ့သော ဖခင်ဖြစ်သူမှာ လူစားလဲသွားသည်လား အောက်မေ့
ရလောက်အောင်ပင် ခနှင့် အင်မတိအင်မတန် အဆင်ချော
နေပေတော့သည်.....
ခ ဆိုသည်မှာလည်း 'ဖေဖေ မေမေနှင့်'ခေါ်ကာ လူလည်
ကြီးစားလေး လုပ်နေပေသည်ပင်....
ခုလည်းကြည့်....
မိမိနှင့် ခနှင့်အတူ အိပ်ယာမှထကာ အောက်ထပ်သို့
နံနက်စာစားရန်အတူ ဆင်းလာလေသည်ကို မိခင်ဖြစ်သူ
ဒေါ်စန္ဒာချိုမှာ သူ၏မတော်ရသေးသော သားသမက်ကိုသာ
ကွက်၍ နှုတ်ဆက်ကာ နံနက်စာစားဖို့ ထမင်းစားခန်းသို့
ခေါ်သွားချေလေသည်....
သားဖြစ်သူမိမိကိုတော့ နံနက်စာစားဖို့ခေါ်ရန်မဆိုနှင့်
မျက်လုံးလေးနဲ့တောင် ယောင်လို့ကြည့်မသွားချေ.....

ကောင်းခန့်ကျော် မိမိကိုယ်မိမိ သေချာကြည့်ရှုဆန်းစစ်
လိုက်သည်....
"ဟ....ငါ့မှာ Harry Potter ရဲ့ကိုယ်ပျောက်ဝတ်ရုံ
လည်းခြုံမထားပါဘူး....
အဲ့ဒါတောင် ငါ့ကိုမမြင်ဘူးလားမသိ...''
မိမိအားလျှစ်လျှူရှုကာဖြင့် ထွက်သွားလေသော
သူနှစ်ဦးကြောင့် ကောင်းခန့်ကျော် စိတ်ပေါက်ပေါက်နှင့်
တွေးလိုက်ခြင်းပင်...
ထို့နောက် မိမိကိုယ်တိုင်သာ ထမင်းစားခန်းသို့မသွား
လျှင် စားရမည့်ကိန်း မမြင်လေသောကြောင့် ထမင်း
စားခန်းထဲသို့ ဝင်သွားလိုက်ရတော့သည်....

Crush From State School 🖤Where stories live. Discover now