Part(2) Uni (State ကျောင်းတော်မှချစ်ရသူ)

4.5K 296 1
                                    

Unicode

ကျောင်းစတက်ရမည့်နေ့မလို့လား ဒါမှမဟုတ် သူ့ကိုတွေ့ရ
တော့မည်မလို့လားမသိ။ သော်မင်းခ၏စိတ်အစုံတို့ကလှုပ်ရှားတက်ကြွနေသည်~~
.
သော်မင်းခ ကျောင်းအဝင်ဝသို့ရောက်သည်နှင့် မျက်နှာစူပုတ်ပုတ်ဖြင့် ဟိုကြည့်သည်ကြည့်လုပ်ကာ မိမိအား
စောင့်နေဟန်ရှိသည့်သူငယ်ချင်းမနှစ်ယောက် ငြိမ်းနဲ့ဇင်ဇင်အား
တွေ့လိုက်ရသည်။
စောစောလာမယ်ပြောပြီး နောက်ကျနေသော မိမိအား မလာမချင်းကိုစောင့်နေသည့်ဟန်။
သူတို့ဘေးမှာတော့အသားခပ်ဖြူဖြူ အရပ်ရှည်ရှည်နဲ့
ကောင်လေးတစ်ယောက်။

ထို့နောက် စက်ဘီးစီးလာသောသူ့အားမြင်သည်နှင့်တစ်ပြိုင်နက်
မကြားရတာကြာပြီဖြစ်သော သူငယ်ချင်းမ မိငြိမ်းရဲ့ ဆူငေါက်သံတို့ထွက်ပေါ်လာတော့သည်..

"ဟဲ့ သော်မင်းခ... ဒီနေ့ကျောင်းစတက်ရမယ့်နေ့လေ
ဘာကိစ္စ သည်လောက်နောက်ကျနေရသတုန်း ပြောစမ်း.''
ကိုယ့်အပြစ်နဲ့ကိုယ်မလို့ သော်မင်းခ တစ်ယောက်
သွားအကုန်ပေါ်အောင်ရယ်ပြရင်း
''ဟီးဟီး..နင်တို့ကလည်းဟာ ငါနောက်မကျပါဘူးဟ
ကျောင်းတက်ဖို့ကနာရီဝက်ကြီးများတောင်လိုသေးပါတယ်''
ဟု ပြောလိုက်သည်~
ဘေးမှာရပ်နေသော ဇင်ဇင်မကလည်း သော်မင်းခအား
သိပ်မကြည်သည်ထင်၏။ မျက်စောင်းကြီးပဲလှိမ့်ထိုးနေလေတော့သည်သာ။
ထို့နောက်ငြိမ်းက စောနကမိမိ။တွေ့လိုက်ရသောသူတို့ဘေးမှ
ကောင်လေးနှင့်မိတ်ဆက်ပေးလေသည်..
.
"သူ့နာမည်က သူရမင်းခန့်တဲ့.. ဒီနှစ်မှကျောင်း
ပြောင်းလာတာ ငါရဲ့ငယ်သူချင်းလို့ပြောလို့ရတယ်..
ခုကစပြီး ငါတို့အဖွဲ့က လေးယောက်ဖြစ်သွားပြီကြားလား
ခင်ခင်မင်မင်နေရမယ်နော်''ဟုပြောရင်း
မိတ်ဆက်ပေးလာသည်~~
ကျွန်တော်နှင့်အဇင်မသည်လည်းသူ့အားပြန်လည်
မိတ်ဆက်ရင်း ကျွန်တော်တို့နေရမည့်အခန်းနံပါတ်
အားကြည့်ခါအတန်းထဲသို့ဝင်လာတော့သည်~~
လေးယောက်စလုံးမှာအတွဲ(7)ယူသူများဖြစ်သဖြင့်
တစ်တန်းထဲကျလေသည်~~
အတန်းထဲမဝင်မှီ အခြားအတန်းတွေထဲသို့ သော်မင်းခ မျက်လုံးကစားကြည့်မိသည်။
ချစ်ရသော ကောင်းအား တွေ့လိမ့်နိုးနိုးဖြင့်။
ကျောင်းတက်ချိန်သာ နီးလာသည် သော်မင်းခ၏
တစ်ဥိီးတည်းသောချစ်ရသူကြီးကတော့ ပေါ်ကိုမလာ..
.
.......ကလင်..ကလင်..ကလင်...
ကျောင်းတက်ခေါင်းလောင်းထိုးချေပြီ။
သော်မင်းခရဲ့မျှော်လင့်ချက်တို့လည်း တစ်စစီဖြစ်သွားတော့သည်။
မတွေ့ရတာကြာပြီဖြစ်သောကြောင့် အလွန်အမင်းတွေ့ချင်နေ
သော်ငြား မျှော်ရသူကတော့အခုထိအတန်းထဲကို လာတဲ့အရိပ်အရောင်မတွေ့သေး......
ထို့သို့နှင့်ကျောင်းတက်ပြီးနေ့လည်စာစားချိန်ကျောင်းဆင်းလေတော့ မိမိ၏အနှီသူငယ်ချင်းမတို့က မိမိအားလာပြောလေသည်က
''ဟဲ့ နင့်လည်းနော် ကြက်ကြီးလည်လိမ်ထားတဲ့အတိုင်းပဲမအီမသာ
ဖြစ်နေလိုက်တာဟယ်... ငါတို့သိပါတယ် နင်ရဲ့ခွက်ကြီးကိုမတွေ့လို့မလား''ဟူ၍။
သော်မင်းခ မပျော်မရွှင်ဖြင့် ခေါင်းညှိတ်ပြမိလေတော့
"ကဲပါဟယ် အဲ့လောက်ဖြစ်မနေပါနဲ့ သူကကျောင်းမလာတာမဟုတ်ဘူးဟ လာတယ် အခန်းမတူတာ''ဟုဆိုလာသည့်ချစ်စွာသောဇင်ဇင်မ၏စကားသံ
အဆုံး အခြားအတန်းသို့ သော်မင်းခ အပြေးအလွှား
သွားကြည့်မိတော့သည်...'ဟော တွေ့ပါပြီ ထမင်းချိုင့်ဖွင့်ကာသူငယ်ချင်းတွေနဲ့အတူစားနေသောသူ'
.
အဖြူအစိမ်း ဝတ်စုံ တို့ကတွန့်ကြေနေလျက် ဖြီးသင်လာဟန်မရှိသော ဆံပင်တို့က နဂိုထက်ပိုပွရှုပ်နေသယောင်။
ထိုသည်ကတို့ကပင်ကပိုကရိုခန့်ညားနေသည်ထင်ရသည်။
အင်းပေါ့လေ နဂိုရုပ်ခံကိုက ချောနေတော့လည်း ဘယ်လိုနေနေ
ကြည့်ကောင်းနေမှာပေါ့ မဟုတ်ဘူးလား။
ကိုယ့်ငါးချဥ် ကိုယ်ချဥ်သည်တော့မဟုတ်။
အဟုတ်ကိုပင် သူ၏ ကောင်းခန့်ကျော် လေးသည် ချောမောလွန်းလှပေသည်။ နဂိုထက်ပိုရှည်လာသောအရပ်တို့ကလည်း သူ့ရဲ့ခန့်ညားမှုကိုပို၍ အထောက်အပံ့ပေးနေသယောင် ရှိတော့သည်။
သူ့အားတစ်ဝကြီးငေးကြည့်နေစဥ်မှာပင်...
ပလုတ်ပလောင်းထမင်းစားနေရင်း ရုတ်တရက်ဆိုသလို
မိမိဘက်လှမ်းကြည့်လာသောသူ။
ရင်ထဲ ဒိန်းခနဲတစ်ချက်ဆောင့်ခုန်သွားရင်း သော်မင်းခ
လာရာလမ်းအတိုင်း တစ်ချိုးတည်းလစ်ပြေးလာခဲ့တော့သည်။
မိမိအဖြစ်က သူခိုးလူမိသည့်နှယ် အထိတ်ထိတ်အလန့်လန့်။

Crush From State School 🖤Where stories live. Discover now