State ကျောင်းတော်မှချစ်ရသူ(10)Uni

2.3K 232 5
                                    

အချိန်မူကား ည၁၂နာရီခွဲ
သော်မင်းခ  တစ်ယောက် ခုထိအိပ်မရသေးချေ

မွေးနေ့ပါတီကျင်းပပြီးတော့
အချိန်က၉ နာရီခွဲနေပြီဖြစ်သည်.....
မိန်းကလေးနှင့်တူညီသောဟန်ပန်အမူအရာ
တစ်စက်မှမရှိသော ယောကျာ်းလေးမဟုတ်သည့်
မိန်းကလေးသူငယ်ချင်းမတို့ကို အိမ်တိုင်ရာရောက်
လိုက်ပို့ပေးရချေသေး၏........

(.......သူတို့ကိုစိတ်ပူ၍တော့မဟုတ်
တော်ကြာသူတို့နဲ့လမ်းမှာဆုံနေမည့်
ယောကျာ်းလေးများကို စိတ်ပူ၍သာ :*) .....)

ကောင်းနဲ့မမလှိုင်းတို့ကိုတော့
ကိုရှိန်းကဒါရိုက်ဘာဖြင့် အိမ်သို့လိုက်ပို့ပေးချေသည်

သော်မင်းခ  အိပ်ယာထဲမှ
တစ်ခေါခေါ တစ်ခူးခူး တရွှီရွှီ ဖြင့်အသံထွက်ဟောက်ခါ
အိပ်မောကျနေသော
အနှီကောင်းမင်းမြတ်အားကြည့်ကာ
လေးပင်စွာသက်ပြင်းချမိသည်....
စိတ်ထဲမှတွေးလိုက်သည်ကလည်း
ဒီကောင်မြွေသေလို့ဝင်စားသလားမသိ
တရွှီရွှီနဲ့ဟောက်နေတာများ မြွေတွန်နေတာကျရော

အဲ့လောက်ဟောက်မှန်းသိရင်
တူတူအိပ်မယ်လို့ ပြောလာကတည်းက
လုံးဝကို ဇွတ်ငြင်းပစ်လိုက်မှာ
ခုတော့ကိုယ့်အိမ် ကိုယ့်အခန်းရဲ့ကိုယ့်အိပ်ယာမှာ
ကိုယ်ပဲအိပ်မရသေးတဲ့အဖြစ်..............
သကောင့်သားကတော့ ခုချိန်သူ့ကို
ခေါင်းအုံးနဲ့ဖိသတ်လိုက်ရင်
သေလို့သေမှန်းတောင်သိမယ့်ရုပ်မပေါ်ဘူး.....
ဟူးးးး............

အိပ်လို့မရမယ့်အတူတူတော့
မနက်မှဖွင့်ဖောက်မယ်လို့စိတ်ကူးထားတဲ့
မွေးနေ့လက်ဆောင်တွေကို
ခုပဲဖွင့်ဖောက်လိုက်တာပဲကောင်းတယ်...
ဟုတ်တယ်......နမို့ဆိုမနက်မှဖောက်နေရင်
ဟိုကောင် မင်းမြတ်ကဟိုဟာလိုချင်တယ်
ဒီဟာလိုချင်တယ်ဆိုနေမှဖြင့်
ကိုယ့်သူငယ်ချင်းတွေပေးတဲ့ အမှတ်တရလက်ဆောင်လေးတွေ သူ့ဆီပါနေအုံးမယ်.
မှန်တယ်....ခုဖောက်မယ်....

သော်မင်းခ  ကိုယ့်ဘာသာတစ်ကိုယ်တည်း
ပြောပြောဆိုဆိုဖြင့် အိပ်ယာမှအသာထကာ
မွေးနေ့လက်ဆောင်ဗူးတွေတင်ထားရာ
စားပွဲခုံဆီသို့ အသာလျှောက်သွားလိုက်သည်.....
ထို့နောက်ခုံတွင်ထိုင်ကာ
စားပွဲပေါ်မှ ပစ္စည်းတို့ကိုဟိုဖောက်ဒီဖောက်ဖြင့်
ဖွင့်ဖောက်နေလိုက်သည်........

Crush From State School 🖤Onde histórias criam vida. Descubra agora