.......
သော်မင်းခ မျက်လုံးအစုံကိုတစ်ဖြည်းဖြည်း
အားယူကာ ဖွင့်လိုက်တော့ ပထမဦးဆုံးမြင်လိုက်ရသည်က.
အဖြူရောင်မျက်နှာကျက်တစ်ခု......."အား..... ကျွတ်စ်...ကျွတ်စ်...ကျွတ်စ်...''
သော်မင်းခ လှဲနေရာမှာထရန်ပြုမိတော့
ဗိုက်ကစူးခနဲအောင့်လာသည်ကြောင့် နာကျင်မှုက
အသံထွက်ကာညည်းတွားမိသည်အထိ......"ကိုကို....နိုးလာပြီလား....
ငါတောင်းပန်ပါတယ်နော်..... အဟင့်....''သော်မင်းခ စကားပြောသံကြားလို့
ဘေးကိုကြည့်မိလိုက်တော့ တဖက်ကုတင်မှာ
လူနာဝတ်စုံကြီးကိုဝတ်ကာ ခေါင်းမှာပတ်တီးအဖွေးသား
နှင့်ဖြစ်နေသော ညီဖြစ်သူကောင်းမင်းမြတ်သော်မင်းခ အားတောင်းပန်စကားဆိုရင်း
နှာတရှုံ့ရှုံ့ မျက်ရည်အဝဲဝဲဖြစ်နေချေသည်.....ရုတ်တရက်ဆိုတော့ ဘာဖြစ်ခဲ့မှန်းသေချာမမှတ်မိ..
နောက်မှ မှတ်ဥာဏ်သေချာပြန်ခေါ်လိုက်မှ.....
"အော်.....ငါတို့ချောင်းရိုက်ခံခဲ့ရတာပဲ''ဟုပြောနိုင်သည်.."ကိုကို..သက်သာလား
ဒေါ်လေးတို့က စခန်းကိုသွားတယ် ညကချောင်းရိုက်တဲ့သူ
တွေကို အရေးယူဖို့စီစဉ်စရာရှိတာသွားစီစဉ်နေတယ်...''"အင်း.....''
သော်မင်းခ အင်းဟုသာဖြေမိလေတော့
ကောင်းမင်းမြတ်တစ်ယောက်အော်ငိုလေတော့သည်...
ထိုအခါမှသော်မင်းခ အလန့်တကြားဖြင့်"မင်းမြတ်...ဘာ...ဘာဖြစ်လို့လဲ
ဘယ်နားနာလို့လဲ..ဆရာ..ဆရာဝန်သွားခေါ်ပေးရမလား...''"ကိုကို...မင်းငါ့ကိုဂရုစိုက်မနေနဲ့....
ငါ့...ငါ့ကြောင့်မင်းအများကြီးထိခိုက်သွားတာ
ငါသာခေါင်းကိုမထိဘဲ ထနိုင်ခဲ့ရင်သူတို့ကို
မင်းတစ်ယောက်တည်းရင်ဆိုင်ရမှာမဟုတ်ဘူး...
ခု....ခုတော့ကွာ...''"မင်းမြတ်.....မင်းမလဲကွာ
ဘာများလဲလို့.... တောင်းပန်စရာမလိုပါဘူး
ငါ့မှာဖြင့်မင်းခေါင်းရိုက်ခံရတော့ထူပူသွားတာပဲ.....
ခုမင်းခေါင်းသက်သာလား....''"အင်းသက်သာတယ်......
ဒါနဲ့သိလား ညကဆေးရုံကိုဘယ်သူပို့ပေးတာလဲဆိုတာ''"အမေတို့မဟုတ်ဘူးလား.....''
"သော်သော် မင်းတကယ်မမှတ်မိတာလား...''
![](https://img.wattpad.com/cover/227722168-288-k828998.jpg)
YOU ARE READING
Crush From State School 🖤
Romance💙 ငယ်ရွယ်စဥ်ခါက တိတ်တခိုး ချစ်ခဲ့ရတဲ့ ချစ်ဦးသူနဲ့ ''ဟိုးရှေးရှေးတုန်းက နဲ့အစချီပြီး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ''ဆိုပြီး ဇာတ်သိမ်းသွားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် မင်းတို့မှာရှိကြလား? ကျွန်တော့်မှာတော့ ရှိတယ် ကျွန်တော်နဲ့ မောင်နဲ့ဇာတ်လမ်းအစကတေ...