Stateကျောင်းတော်မှချစ်ရသူ(26)Uni

1.6K 135 11
                                    

~♥~ရက်မှလ လမှနှစ် သို့ကူးပြောင်းခဲ့လေပြီ...
ဒီနေ့ဆိုရင် သော်မင်းခနှင့် ကောင်းခန့်ကျော်တို့
ချစ်သူ သက်တမ်းမှာ တစ်နှစ်ပင်ပြည့်ခဲ့ပြီဖြစ်သည်~♥~

ထိုတစ်နှစ်အတွင်း တစ်ယောက်နဲ့တစ်ယောက်
သဝန်တိုလို့ရန်ဖြစ်ကြသည်.....
စိတ်ဆိုးအောင် စမိလို့ရန်ဖြစ်ကြသည်...
သို့သော်လည်း နာရီမကူး ပြန်အဆင်ပြေမြဲသာပင်...
တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နားလည်မှု
အပြည့်နှင့် လက်တွဲလာခဲ့သည်မှာ ယခုဆို
တစ်နှစ်ပြည့်ခဲ့လေတော့ပြီ.....

"လျှောက်လည်ကျမယ် ရည်းစားတွေဖြစ်ရင်
အနမ်းတွေပေးမယ် နင့်ပါးကို..
လက်ကိုတွဲကာ မြို့အနှံ့လျှောက်သွားမယ်..
နင်ချမ်းနေတဲ့အခါ ငါဖက်ထားမယ်.🎶🎶''

သော်မင်းခ သီချင်းတညည်းညည်းဖြင့်
ရေချိုးနေသည်....
ယနေ့အတွက်သူ စိတ်တွေအရမ်းကိုမှပင် လှုပ်ရှားနေသည်..
ပထမနှစ်အတောအတွင်း ကောင်းနဲ့အဆင်ပြေ
ချောမွေ့စွာ လက်တွဲနိုင်ခဲ့ရာမှ ခုဆိုဒုတိယနှစ်
ကျောင်းသားဘဝပင် ရောက်နေပြီဖြစ်တော့သည်....

ဒီနေ့က သူတို့နှစ်ယောက်ရဲ့ anniversary လည်း
ဖြစ်သလို valentine dayလည်းဖြစ်သည်...
ထို့အပြင် ကောင်း၏ မွေးနေ့လည်းဖြစ်ပေသည်....

ခါတိုင်းလိုဆို ဘယ်နှစ်လပြည့် ဘာညာတို့ကို
ကောင်းက မှတ်မိလေ့မရှိသော်လည်း ဒီနေ့လို
အထိမ်းအမှတ်သုံးခု ဆုံသည့်နေ့ကိုတော့ မမေ့နိုင်ဟု
သော်မင်းခ အပြည့်အဝယုံကြည်ပါသည်.......

သော်မင်းခ ရေမိုးချိုးအဝတ်အစားလဲပြီးသည်နှင့်
လွယ်နေကျ မိမိ၏ leather အိတ်အညိုအား
လွယ်ခါ အခန်းထဲမှထွက်ခဲ့တော့သည်....

"သူရ...ရေ...သူရ
မင်းမြတ်ရေ...မင်းမြတ်...''

"လာပြီကိုကိုရေ...''ဟုဆိုကာ အခန်းတစ်ခန်းထဲမှ
ထွက်လာလေသော မင်းမြတ်နှင့်သူရကြောင့်
သော်မင်းခ မျက်လုံးပြူးရပြန်သည်....
နေပါအုံး သူရကလည်း ထော့နဲ့ထော့နဲ့ နဲ့ပါလား..
မဟုတ်မှလွဲရော...

"မင်းမြတ်..... မင်းက ဘယ်လိုဖြစ်လို့
ငါ့သူငယ်ချင်းအခန်းထဲကနေ ထွက်လာတာလဲ...''

Crush From State School 🖤Où les histoires vivent. Découvrez maintenant