Part(23)Zawgyi

803 69 3
                                    

""အားးးးးးး.....!
လူဆိုးပေါက် မတရားဘူးကွာ....
လွမ်းလိုက်တာ....''

ကောင်းခန့်ကျော် အခန်းထဲတွင်
တစ်ယောက်ထဲစကားပြောကာ တစ်ယောက်ထဲ
စိတ်ကောက်နေခြင်းပေပင်....

"ခ...လွမ်းတယ်...တွေ့ချင်တယ်လို့....''

"ခ....မင်း အရမ်းစိတ်ပုတ်တာပဲကွာ....''

တစ်ယောက်ထဲ စိတ်ဆိုးလိုက် အပြစ်တင်လိုက်နှင့်
ဖြစ်နေသော အကိုလေးဖြစ်သူအား ဖိုးလုံးတို့ရိုးနေပြီ
ဖြစ်ပေသည်....

အကိုလေး ထိုသို့ဖြစ်နေသည်မှာ
လေးငါးရက်ခန့် ရှိနေပြီဖြစ်ပေသည်...

အကြောင်းမူကား
"ညီသော်မင်းခက စာမေးပွဲအတွက်စာကိုသေချာ
လုပ်ခိုင်းပြီး သူ့ကိုဒီအတောအတွင်းအဆက်အသွယ်
မလုပ်ရန် မှာထားသည်တဲ့လေ...''
..
"ဒီမယ်....ကိုဖိုးလုံး..
အစ်ကိုလေး တစ်ယောက်တည်းအော်နေပြန်ပြီလား..''

"ဟုတ်တယ် မိန်းမရေ...
အကိုလေးရယ် အော်နေတာ...
တွေ့ချင်လည်း သွားတွေ့လိုက်တာ မဟုတ်ဘူး...
ဒီလောက် ခြံနီးနီးလေးကို...''

"အမလေး....မြှောက်ပေးမနေနဲ့ ကိုဖိုးလုံးရေ
ဦးကြီးတို့သိရင် ရှင်ပါကြံရာပါဖြစ်နေမယ်..
ဦးကြီးက သူ့သားကိုသေချာကြည့်ခိုင်းထားတာ
ကျွန်မတို့က အကိုလေးကိုချစ်လို့သာ အကိုလေး
ရည်းစားထားတာကိုမပြောတာ...
ဟိုကောင်လေးကလည်း လူရည်မွန်လေးမလို့သာ...
သွားတော့မြှောက်မပေးနဲ့..''

"အေးပါ မိန်းမရာ...
ငါက သဘောကိုပြောတာပါ...''

"ဟုတ်ပါပြီ တော်ရေ..''

"ကလင်..ကလင်...''

"ဟဲ့ ခြံရှေ့မှာ ဘယ်သူလဲမသိဘူး
သွားကြည့်လိုက်အုံးမယ်...''

"သွားပါတော်..''

ဖိုးလုံးတစ်ယောက် ခြံရှေ့သို့သုတ်သုတ် သုတ်သုတ်နှင့်
အပြေးသွားကာ ကြည့်လိုက်လေတော့...
တွေ့လိုက်ရသည်က သူတို့ကိုအကိုလေး နေ့စဉ်နေ့တိုင်းနားပူအောင်လုပ်စေသည့် အဓိကတရားခံကိုတွေ့လိုက်ရသည်...

"ကိုဖိုးလုံး...ကောင်း ရှိလားဗျ...
စာရောလုပ်ရဲ့လား....''

"အမလေး...ညီသော်ရေ ရှိပါ့ ရှိပါ့
စာကတော့လုပ်ပါရဲ့ တစ်ခါတစ်ခါ ခ ရေ ခ ရေ
ဆိုပြီး ထထအော်နေတာတော့ အတော်ဆိုးတယ်ကွာ..
အဲ့ဒါ ညီသော်သွားတွေ့လိုက်ပါအုံးကွာ...
မဟုတ်ရင် ကြာရင် အကိုတို့ပဲနားစည်ကွဲမလား..
အကိုလေးပဲ ဂေါက်သွားမလားမသိဘူးကွာ..
ဟား..ဟား..ဟား...''

Crush From State School 🖤Where stories live. Discover now