Stateကျောင်းတော်မှချစ်ရသူ(24)Uni

1.6K 145 5
                                    

ရုပ်ရှင်မကြည့်မီ စားသောက်ဆိုင်တစ်ဆိုင်သို့ အစား
အစာများမှာယူစားသောက်ရန်ဝင်ခဲ့​ကြသည်...

ပုံမှန်ထက်များနေသော လူအရေအတွက်ကြောင့်
စားပွဲခုံနှစ်ခုံ ဆက်၍ဝိုင်းဖွဲ့ထိုင်ကြလေသည်...
ထိုင်ခုံထိုင်ရာတွင်ပြသနာကစသည်...

"သော်...ယုဘေးမှာထိုင်လေ...''

"အမ်....ဟို..​နေပါစေ ဒီနားကနေရာလွတ်နေ..''

"ထိုင်လေ...ခ...ထိုင်လိုက်..''
သော်မင်းခ ငြင်းမည်အပြု ကောင်းခန့်ကျော် က
ဖြတ်ပြောလေသည်..

ထိုင်ဆိုပါလား...ခါတိုင်းသဝန်အရမ်းတိုနေတဲ့လူက
ဘယ်ရောက်သွားလဲ လိုက်ပင်ရှာရတော့မလို....ဟု
သော်မင်းခ တအံတသြတွေးနေလေသည်....

ကောင်းခန့်ကျော် ခ အားထိုင်ခုံတွင်ထိုင်စေပြီး
ခ ဘေးတွင်သူပါဝင်ထိုင်လိုက်သည်....
မင်းမြတ်နှင့်သူရအပြင် ငြိမ်းနှင့်ဇင်ဇင်မှာတော့
ကောင်းခန့်ကျော်၏ သဝန်တိုမှုကြီးမျက်မြင်တွေ့ဖူး
သူများပီပီ အခုလည်း ဘယ်အချိန်ဘာထဖြစ်မလဲ
ဆိုတာကို မျက်ခုံးလှုပ်နေကြသည်...

စားပွဲထိုးကောင်မလေးများမှ
အစားအစာများ လာရောက်ချခင်းပေးလေတော့
ယုယဥ်ကျေးမှ
"သော်....ရော့..ဒီဟာလေးထည့်စား...''ဟု
ဆိုရင်း သော်မင်းခ ပန်းကန်ထဲသို့ ဟင်းထည့်ပေးလေသည်..

"ရပါတယ်...ယုယဥ်ကျေး...ကျွန်တော့်ဘာသာ
ထည့်စားလိုက်ပါမယ်...''

"အင်းပါ...အင်းပါ...စားစား..''

"ခ......ပုစွန်နဲ့မတည့်ဘူးမလား...
Allergicရှိတယ်လေ...ကိုယ့်ကိုပေး...
ရော့...ခက...ဒီဟင်းလေးထည့်စား..''

ကောင်းခန့်ကျော် ပြောလည်းပြော လက်ကလည်း
သော်မင်းခ ပန်းကန်ထဲမှ ယုယဥ်ကျေးထည့်ပေးလေသော
ပုစွတ်ထုပ်အားယူပြီးသားပင်...
ထို့နောက် အခြားဟင်းတစ်မယ်ကိုထည့်ပေးလေသည်..

ယုယဥ်ကျေးမှာမူ သူမထည့်ပေးသောဟင်းကို
ယူစားလေသော ကောင်းခန့်ကျော်အားခပ်စိမ်းစိမ်း
စိုက်ကြည့်လိုက်ရင်း...
"ဟယ်..သော်က ပုစွန်နဲ့မတည့်ဘူးလား..
ရော့ ဒါလေးထည့်စား...''ဟူ၍လည်း သော်မင်းခ အား
ဆိုလိုက်သည်..

Crush From State School 🖤Where stories live. Discover now