..
..သက်ြန်ပွဲတော်ရက်တို့ ကုန်ဆုံးလာသည်မှာဆိုရင်ဖြင့်
အကြိုမှ အကျ
အကျမှအကြတ်
အကြတ်မှ အတက် ရက်သို့ပင်ရောက်ရှိလာလေပြီ...သော်မင်းခ ၏အခန်းငယ်အတွင်းမှ
နာရီနှိုးစက်သည်လည်း မနက်လေးနာရီအတိထိုးသည်နှင့်
အသံကျယ်လောင်စွာမြည်တမ်းလာလေသည်...."ဒေါက် ဒေါက် ဒေါက်... ...
သားလေးအသော်ရေ...သားနိုးပြီလား''
နာရီနှိုးစက်သံမြည်ပြီး မကြာမီမှာပင်
အခန်းတံခါးကိုခေါက်ကာ မိခင်ဖြစ်သူမှာ
ခပ်တိုးတိုး လာနှိုးလေသည်...."ဟုတ်မေမေ...နိုးပြီ မျက်နှာသစ်နေပြီ''
"အေး..အေး သား
ဘုန်းကြီးကျောင်းသွားမှာဆိုတော့ ဟိုတလောက
အမေဝယ်ပေးထားတဲ့ ယောပုဆိုးလေးနဲ့အဖြူလက်ရှည်.ကို
ဝတ်ခဲ့နော်သား....''"ဟုတ် မေမေ....''
"အေးအေး.....အော်..ဒါနဲ့
သားသူငယ်ချင်းတွေကအိမ်ကိုလာမှာမလား
ဒီကနေမှ ဘုန်းကြီးကျောင်းကိုစုသွားမှာမလား''"ဟုတ်တယ်...မေမေ...
စောစောလေးကတင် သားဖုန်းဆက်နှိုးပြီးပြီ
သူတို့ထပြီတဲ့ ငါးနာရီထိုးဖို့ဆယ့်ငါးမိနစ် အလိုလောက်ရောက်အောင်လာခဲ့မယ်တဲ့''"အေးအေးသား အာ့ဆိုပြီးရော
သားလည်းမြန်မြန်ဆန်ဆန်လုပ်နော်.....''"ဟုတ်မေမေဟုတ်...''
"အေးအေး..အာ့ဆိုအမေ သားဖေဖေဖို့
အဝတ်အစား သွားထုတ်ပေးလိုက်အုံးမယ်
သားဖေဖေကမနက်သုံးနာရီခွဲလောက်ကတည်းက
နိုးနေပြီး မျက်နှာတွေထသစ်နေတာ''"ဟုတ်မေမေ
သွားသွား....ဖေဖေ့ကိုသာစီစဉ်စရာရှိတာ
သွားစီစဉ်ပေးလိုက် ''"အေးအေး...အာ့ဆိုအမေသွားပြီ''..
"ဟုတ်ဟုတ်''
သော်မင်းခ မျက်နှာသစ်သွားတိုက်ပြီးသည်နှင့်
အလှူတွင်ဝတ်ဖို့ဟုဆိုကာ မိခင်ဖြစ်သူ
ဝယ်လာပေးထားသော ဝတ်စုံကိုထုတ်ဝတ်လိုက်သည်......သော်မင်းခ အမှန်ဆိုလျှင် ထိုဝတ်စုံကို
နည်းနည်းလေးမှ မဝတ်ချင်ပါ..........
ထိုအနှီဝတ်စုံကို အမေကအခြားတစ်ယောက်နှင့်ဆင်တူ
ဝယ်ပေးထားသောကြောင့်ပင်......
YOU ARE READING
Crush From State School 🖤
Romance💙 ငယ်ရွယ်စဥ်ခါက တိတ်တခိုး ချစ်ခဲ့ရတဲ့ ချစ်ဦးသူနဲ့ ''ဟိုးရှေးရှေးတုန်းက နဲ့အစချီပြီး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ''ဆိုပြီး ဇာတ်သိမ်းသွားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် မင်းတို့မှာရှိကြလား? ကျွန်တော့်မှာတော့ ရှိတယ် ကျွန်တော်နဲ့ မောင်နဲ့ဇာတ်လမ်းအစကတေ...