...
...
...
...
...
...
"ကောင်း ရေ.....ကောင်း....''"ကဲလာပြီအမိရေ..ဘာလို့အဲ့လောက်တောင်ခေါ်နေရတာလဲ
လာပြီဗျ....''ဟုဆိုရင်းတိုက်သေးသေးလေးတစ်ခုမှ
ပြေးထွက်လာသော ကောင်းအားzuzueငေးကြည့်နေမိသည်....
ကောင်းက တွေ့စအချိန်တုန်းကထက်ပင်
အရပ်ပိုရှည်လာကာ ပို၍ချောမောလာပေသည်..."ကဲ..zuzue..သွားကြစို့''
"အင်း...သွားကြမယ်...
နင့်ဆိုင်ကယ်နဲ့ပဲမလား...''"အေးပေါ့ဟ....''
ဆိုင်ကယ်မောင်းသူနေရာတွင် ကောင်းကနေရာယူထားပြီး..
စီးနင်းသူနေရာတွင်တော့ zuzueတစ်ယောက်
လိုက်ပါလာသည်..ဆိုင်ကယ်စီးနေရင်းနှင့်ပင် ''ကောင်း''ကစကားစလာလေသည်...
"Zuzue...နင်ကကျောင်းယူနီဖောင်းနဲ့လိုက်တယ်''
"ဒါပေါ့ ငါကနဂိုကတည်းကလှလည်းလှပြီးသားဆိုတော့
ဘာဝတ်ဝတ်လိုက်နေတာ .....''"အမလေး...zuzueနင့်ကိုအကောင်းမပြောရဲဘူးသိလား
နဂိုထဲကနင်ကမြောက်နေတာ တော်ကြာငါကပါ
မြှောက်နေရင် နင်မိုးပေါ်ရောက်နေမှာစိုးလို့....''"အမယ်..ကောင်းစုတ်...နင်နော်...''
"ဟား...ဟားး..ဟား...
စတာပါဟာ...စတာ..စတာ..နင်ကလေအဲ့ဒီTU ကျောင်း
ယူနီဖောင်းနဲ့တကယ်ကြည့်ကောင်းတာပါ....''"အမယ်...နင်ကလည်းCUယူနီဖောင်းနဲ့
လိုက်ဖက်နေတာပါဟယ်....
မြင်တဲ့သူတိုင်းကြွေလောက်တယ်''"ဟား..ဟား...zuzueနင်မနက်စာမစားရသေးဘူးမလား
ငါ့ကိုဒီလိုတွေပြောနေပုံထောက်ရင်....''"ကောင်စုတ်...ငါအကောင်းပြောတာ
လာမနောက်နဲ့...''"အေးပါဟာ...အေးပါ...
အဲ့တော့နင့်ကိုကျောင်းကိုအရင်လိုက်ပို့မယ်...
ဒီနေ့မှuniစတက်တာဆိုတော့ စာကမသင်လောက်ပါဘူး..
အေးဆေးပေါ့...နော့်လေ....''"အင်းအေးဆေးပဲ....''
"Okအာ့ဆို ဖြည်းဖြည်း ပဲမောင်းသွားမယ်...''
"သဘော...''
..........
တက္ကသိုလ်ဝင်တန်းလျှောက်လွှာများ ကျလာတုန်းက
Zuzue နှင့်ကောင်းခန့်ကျော်တို့အပျော်လွန်နေချေလေသည်....
YOU ARE READING
Crush From State School 🖤
Romance💙 ငယ်ရွယ်စဥ်ခါက တိတ်တခိုး ချစ်ခဲ့ရတဲ့ ချစ်ဦးသူနဲ့ ''ဟိုးရှေးရှေးတုန်းက နဲ့အစချီပြီး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ''ဆိုပြီး ဇာတ်သိမ်းသွားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် မင်းတို့မှာရှိကြလား? ကျွန်တော့်မှာတော့ ရှိတယ် ကျွန်တော်နဲ့ မောင်နဲ့ဇာတ်လမ်းအစကတေ...