State ကျောင်းတော်မှချစ်ရသူ(18)Uni

1.8K 158 2
                                    

"""""
"ဒီးး.....ဒီးး.......''
အဆက်မပြတ်တုန်ခါနေသော
ဖုန်းသံကြောင့် ကောင်းခန့်ကျော် ကုတင်ထက်မှထကာ
စားပွဲပေါ်တွင်မြည်နေသော ဖုန်းကိုကိုင်လိုက်သည်....

Contact nameကိုကြည့်လိုက်တော့
Unknown number.....

"ဟဲလို....''

"ဟဲလို....နိုးသေးဘူးလား....ခစ်..ခစ်..''

"မနိုးလောက်သေးမှန်းသိရင် အစကတည်းက
မဆက်ပါနဲ့လား...မနက်လေးနာရီဗျ
ညနေလေးနာရီ မဟုတ်ဘူး....''

ဒီအချိန် လူအိပ်ချိန်မှန်းသိရဲ့နဲ့ ဆက်လာပြီး
နိုးသေးဘူးလားဟု လာမေးသောအမည်မသိ
ဖုန်းပိုင်ရှင် မိန်းကလေးအား လေသံမာဖြင့်
အနည်းငယ်ဟောက်လိုက်သည်.....

"ဟား...ဟား....ဟား....
မောင်ကောင်း......စိတ်ဆိုးသွားတာလား...ဟား..ဟား..''

ဟင်....ဒီအသံ...မမလှိုင်းမှ မမလှိုင်းအစစ်
ပထမဆက်ဆက်ခြင်းပြောတဲ့လေသံက
ပစ်ချွဲနေပြီး တခစ်ခစ် ဟန်လုပ်ရယ်နေသံဆိုတော့
မမှတ်မိ....နောက်မှ ပုံစံမှန်ကြီးနဲ့ တဟားဟား..ရယ်ကာ
စိတ်ဆိုးသွားတာလား ဟုဆိုလာသည်...

"ဟာ....မမလှိုင်း....မမဗျာ
ခုမှပဲအဆက်အသွယ်လုပ်တော့တယ်....
ကိုယ့်မောင်တစ်ယောက်လုံးကျောင်းတောင်
တက်နေပြီ ....ပစ်ထားလိုက်တာများဗျာ....''

"ပစ်ထားတာ မဟုတ်ရပါဘူး ကောင်းရယ်
မောင်ကောင်း accident ဖြစ်တုန်းကဆို
မမကစိတ်ပူနေတာ....
အဲ့တုန်းက လာချင်ပေမယ့်လည်းမမက
နေရပ်မှာမရှိဘူးလေ မြန်မာပြည်အနှံ့ဘုရားဖူး
လိုက်သွားတာ.... စိတ်ကလည်းမဖြောင့်
ဘုရားသာ ဖူးရတယ်ကွာ....''

"ဟင်း...မမလှိုင်းဗျာ
မသိဘူးဗျာ ကျွန်တော်စိတ်ဆိုးတယ်
ဘယ်လောက်သတိရနေတယ်မှတ်လဲ....
ဖုန်းလည်းမဆက်ဘူး ကျွန်တော်ကမျှော်နေတာ..''

"မောင်ကောင်းရယ် မမလည်းသတိရတာပေါ့
မမလှိုင်းဖုန်းဆက်ပါတယ် စက်ပိတ်ထားတယ်ချည်း
ဖြစ်နေတာကွ....မောင်ကောင်းရယ်
မောင်ကောင်းဆေးရုံမှာတစ်လလောက်နေရတုန်းကလည်း
ပြေးလာချင်စိတ်ကတဖွားဖွားပါကွာ...နောက်ပြီး
မောင်ကောင်းတို့အိမ်အသစ်ပြောင်းတာလည်း
မမလှိုင်းမသိလိုက်ရဘူး....''

Crush From State School 🖤Where stories live. Discover now