Part(19)Zawgyi

934 74 2
                                    

~~~~~~~~~~♥♥♥♥♥♥♥♥~~~~~~~~~~~

Welcomeအတွက်လူရွေးပြီးသည့်နေ့မှစ၍
သော်မင်းခတို့ ညနေပိုင်းတိုင်းပွဲအတွက်လေ့ကျင့်
ရပေသည်....

King နှင့်Queenအတွက်ဝင်ပြိုင်မည့်
တစ်ဦးချင်းစီကလည်း ကိုယ်ပိုင်activityတစ်ခုနှင့်ပါ
ဖျော်ဖြေရမည်ဖြစ်သဖြင့် လူတွေနှစ်ခါပင်ပန်းရလေသည်..

သော်မင်းခတစ်ယောက်ကတော့ သူငယ်ချင်းတို့၏
တိုက်တွန်းမှုကြောင့် သူ၏မူပိုင်အသံချိုချိုနှင့်
လိုက်ဖက်ညီမည့် သီချင်းတစ်ပုဒ်ကို
ဆိုရန်ဆုံးဖြတ်ထားလေသည်....
ထို့ကြောင့်သော်မင်းခမှာမူ အရမ်းတော့
မပင်ပန်းပါချေ...

ပင်ပန်းသူက မင်းမြတ်ပေပင်..
Civilမေဂျာမှ အကဖြင့်ပွဲထွက်မည့်အထဲတွင်
သူကပါဝင်လေသည်...
ပြိုင်ပွဲအတွက်လည်း လေ့ကျင့်ရ အကအတွက်လည်း
ပြင်ဆင်ရနှင့် မင်းမြတ်တစ်ယောက်ဗြာများနေရချေသည်..

ဇင်ဇင်တစ်ယောက်ကတော့ ပေါက်ကရတွေးကာ
ဆိုက်ကို ဝင်နေချေသည်...
အကြောင်းမူကား welcomeနေ့တွင်မိတ်ကပ်လိမ်း
ရမည်ဖြစ်သောကြောင့်ပင်...
အားလုံးကအပြိုင်အဆိုင်လှနေချိန်တွင် သနပ်ခါးပါးကွက်ကြားနှင့် နေ၍ကလည်းမဖြစ်ပေ...
သို့သော် မိတ်ကပ်ကလည်းမလိမ်းချင်ဖြစ်နေပေသည်..

ဘာ့ကြောင့်မိတ်ကပ်မလိမ်းချင်ရသလဲဟု
သူငယ်ချင်းအုပ်စုကဝိုင်းမေးချိန်တွင်တော့ ပြန်လည်
ဖြေကြားလာသည်က..''တော်ကြာ ငါ့အနာဂတ်ချစ်သူ
ဆိုတဲ့သူနဲ့ welcomeမှာတွေ့ခဲ့ရင် ငါ့ဆီကသနပ်ခါးနံ
မရဘဲနေမှာပေါ့ဟ..''ဟူ၍..
ထို့သို့ဖြေလာသောကြောင့် သော်မင်းခတို့အုပ်စုလိုက်ကြီး
ဝိုင်းရိုက်တာကိုပင်ခံလိုက်ရသေးသည်...

.
.
ကျောင်းတက်ရက်တွင်welcomeအတွက်
ပြင်ဆင်ရသဖြင့် သော်မင်းခတို့မှာမူ ကျောင်းစောစောသွား
အိမ်နောက်ကျမှပြန်နှင့် အချိန်ကုန်နေလေသည်...
သော်မင်းခမှာမူ ကောင်းနှင့်ကျောင်းအတူသွားဖို့မဆိုနှင့်
ခါတိုင်းလိုညနေပိုင်း တွေ့ချိန်ပင်မရှိလေသောကြောင့်
ကောင်းနှင့်မတွေ့ရသည်မှာကြာပြီဖြစ်သည်..

သို့သော်လည်းသော်မင်းခသည်ပဲ ကံကောင်းနေတာလား
ကံကပဲမျက်နှာသာပေးနေသည်လားမပြောတတ်...
ကောင်းခန့်ကျော်တစ်ယောက် ပိတ်ရက်မှာတော့
သော်မင်းခတို့အိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာခါ သော်မင်းခနှင့်လာတွေ့လေသည်....

Crush From State School 🖤Where stories live. Discover now