Part (4)-Uni (State ကျောင်းတော်မှချစ်ရသူ)

3K 238 5
                                    

Unicode

သော်မင်းခ ဒီမနက်ကျောင်းကိုရောက်တော့
အရင်ဆုံးရှာကြည့်မိသည်က စက်ဘီးတန်းလျားဘက်မှ ကောင်းရဲ့စက်ဘီးလေးကိုသာ။
မျက်လုံးကိုအနည်းဝေ့ကစားပြီးရှာတော့
ဟော..တွေ့ပါပြီ ပြိုင်ဘီးအနက်လေး 'ဒါ ကောင်းရဲ့ဘီးလေး'
"ဒါဆို ကောင်းကကျောင်းရာက်နေပြီဆိုတဲ့သဘောပေါ့''
"အင်း ငါထီးသွားတောင်းသလိုနဲ့စကားပြောကြည့်ရင်
ကောင်းမလား၊ဟာ..တော်ပါပြီ မပြောတော့ဘူး
သူ့ရှေ့ရောက်ရင်အလိုလိုပြောမယ့်စကားလုံးတွေပျောက်တယ်၊
သူလာပေးရင်ပေး မပေးတော့လည်း ပြန်မယူရုံပေါ့ ဟူးးး
တော်ပြီ ကိုယ့်အတန်းကိုယ်သွားတော့မယ် ''
သော်မင်းခ မိမိဘာသာတစ်ယောက်ထဲစကားလုပြောရင်း အတန်းဘက်ကိုသာဦးတည်လိုက်တော့သည်။
ဒီလိုသရဲဘောကြောင်နေပုံအရသာဆိုရင် ကောင်းနဲ့အဆင့်တက်
လာဖို့ အချိန်တော်တော်ကြီးကို ယူရအုံးတော့မည်ပင်။

"ဟဲ့... ဟဲ့...သော်မင်းခ....''
ငြိမ်းတစ်ယောက် ကျောင်းပေါက်ဝမှလှမ်း၍ သော်မင်းခအား
အော်ခေါ်နေခြင်းပင်။

"ဟာ ကောင်စုတ်..နားမကောင်းတော့ဘူးထင်တယ်
ငါ့အသံတစ်ကျောင်းလုံးကြားလောက်တယ်..ဒင်းသာမကြားတာ တော်ပြီ ဒီနေ့ချစ်သူများနေ့ကိုသူငယ်ချင်းတွေကို
ကျွေးချင်လွန်းလို့ဆိုပြီး အဖေ့ကိုအတင်းပူဆာပြီး
ဝယ်ခိုင်းထားတဲ့ချောကလက်တွေ ဒင်းလေးကိုမကျွေးဘူးဆိုပြီး စအုံးမယ်....ဟွန်းးး''ဆိုပြီးကျောပိုးအိတ်ကြီးတစ်ကားကားနှင့် အတန်းဘက်ကိုသွားသော သော်မင်းခ နောက်ကိုပြေး
လိုက်လာရတော့သည်။

သော်မင်းခ တစ်ယောက်အတန်းထဲသို့ဝင်သည်နှင့်
​မိမိထိုင်ခုံနေရာတွင်တွေ့လိုက်ရသည်က အပြာရောင်ထီးလေး။
တစ်နည်းဆိုရသော် ကောင်း အားသူပေးခဲ့သောထီးလေး။
ခုံနားသို့ရောက်သွားပြီးထပ်မံတွေ့လိုက်ရသည်က
ဘူးလေးတစ်ဘူး တိတိကျကျဆိုရသော် ချောကလက်ဘူးလေး။
စောစောကအတန်းဝကလှမ်းကြည့်တုန်းက
ဘူးလေးကထီးဖြင့်ကွယ်နေသောကြောင့်မမြင်လိုက်ခြင်းပင်။

အားးးးးးးးးး........သော်မင်းခ
တစ်ယောက်စိတ်ထဲတွင်အော်လိုက်ခြင်းပင် မျက်နှာမှာလည်း မျက်နှာပိုးသတ်လို့မရအောင် ပြုံးစိနေတော့သည်။
တွေးနေမိသည်ကတော့ ကောင်းက သူ့ကိုချောကလက်ဘူး
ပေးသည်တဲ့။ထီးက ကောင်းကိုငှားလိုက်တာလေ ခုကျ
ထီးနဲ့အတူချောကလက်ဘူးပါရောက်နေတယ်ဆိုတော့
ကောင်းပေးတာမဟုတ်လို့ ဘယ်သူပေးတာဖြစ်အုံးမလဲ။
.....ဟွင်း ဟွင်း ဟွင်း ။
"ဧကန္တ ကောင်းက ငါ့ကိုသဘောကောင်းတဲ့ကောင်းလေးဆိုပြီး
ကြိတ်ကြွေသွားတာများလား၊ဟာကွာ.....မသိဘူး
စောက်ရမ်းတွေပိုပိုချစ်လာပြီ........ "
သော်မင်းခ မိမိတွေးချင်သလိုတွေးကာအတွေးတွေနဲ့သာယာနေတုန်း
''ဟက် မှိုရထားတဲ့မျက်နှာနဲ့
ဘာတွေပြုံးပျော်နေတာလဲ ပြောစမ်း..
ရုပ်ကိုကမျက်နှာပိုးမသေးဘူး''ဟူသော မိမိအနောက်မှ ခပ်ငေါက်ငေါက် အသံအားကြားလိုက်ရသည်။
အသံပိုင်ရှင်ကိုတော့လှည့်ကြည့်စရာမလိုအောင် သိလိုက်ပါသည်။ ကျွန်တော်တို့အဖွဲ့ထဲတွင် ဆရာအလုပ်ဆုံး
သူငယ်ချင်းမ ငြိမ်း။

Crush From State School 🖤Where stories live. Discover now