Part (5)Uni (State ကျောင်းတော်မှချစ်ရသူ)

2.9K 271 8
                                    

ဘာလိုလိုနှင့် နှစ်ကုန်စာမေးပွဲကြီးအား ဖြေဆိုရန်ပင်
အချိန်နီးကပ်လာလေပြီ......

ဆယ်တန်းကျောင်းသူကျောင်းသားများသည်လည်း
အတန်းငယ်ကျောင်းသားများအား ဦးစီးဦးဆောင်ပြုလျက်
ဆရာကန်တော့ပွဲကြီးကျင်းပရန် စီမံပေးလျက်ရှိသည်....

ကန်တော့ငွေလက်မခံ လက်အုပ်ချီမိုးရှိခိုးကန်တော့လျှင်ကို
ပြီးပြည့်စုံပြီဟုဆိုလာသော ဆရာဆရာမတို့၏ စကားကြောင့်
ကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများကို မုန့်ကျွေးမွေးရန်တော့ခွင့်ပြုပါဟုခွင့်ပြုချက်တောင်းခဲ့ရသည်

ထို့သို့နှင့်ကျွေးမွေးရန် ကျောင်းအုပ်ဆရာမကြီးထံမှ
ခွင့်ပြုချက်ရလာသောဆယ်တန်းအကိုကြီးအမကြီးများက
ကျောင်းကောင်စီအဖွဲ့ဝင်များနှင့်အတန်းအသီးသီးမှ
အသင်းခေါင်းဆောင်များ အတန်းခေါင်းဆောင်များအား
ဆရာကန်တော့ပွဲနှင့်ပတ်သတ်၍ဆွေးနွေးတိုင်ပင်ရန်
အတန်းများသို့ဝင်ရောက်ခါ ခေါ်ဆိုလေသည်.......

ထို့ကြောင့် အနော်ရထာအသင်းခေါင်ဆောင်ဖြစ်သော
သော်မင်းခ နှင့် ကျောင်းကောင်စီအဖွဲ့ဝင်ဖြစ်သော
သူရမင်းခန့်တို့သည်လည်း အတန်းကြီးစီနီယာတို့နှင့်အတူ
လိုက်ပါလာလေသည်...

ထို့နောက်
ကျန်အတန်းများသို့ပါဝင်ရောက်ခေါ်ဆိုကြပြန်သည်...
ကိုးတန်းအတွဲ(၁)အခန်းသို့ရောက်သော အခါ
သော်မင်းခ တစ်ယောက်နေမထိထိုင်မသာ ဖြစ်လာသည်..
အကြောင်းကား အသင်းခေါင်းဆောင်များထဲတွင် သူ၏
နှလုံးသားမူပိုင်ရှင် ''ကောင်း''သည်
ဘုရင့်နောင်အသင်းခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင်
ကျောင်းကောင်စီအဖွဲ့ဝင်များထဲမှတစ်ဦးအပါအဝင်
ဖြစ်သောကြောင့်ပင်........

ထိုသို့နှင့်
အတန်းခေါင်ဆောင်များ အသင်းခေါင်းဆောင်များနှင့်
ကျောင်းကောင်စီအဖွဲ့ဝင်များလူစုံသောအခါ
ကျောင်း၏စာကြည့်တိုက်အခန်းကျယ်ကျယ်တွင်
ကန်တော့ပွဲနှင့်ပတ်သတ်၍ ဆွေးနွေးတိုင်ပင်ကြသည်.....
စီနီယာအတန်းကြီးတို့သည်လည်း ကန်တော့ပွဲအစဥ်အလာကို
အစဥ်အဆက်မပြတ်လက်ဆင့်ကမ်းပေးသင့်ကြောင်းနှင့်
မည်သို့မည်ပုံ စနစ်တကျစီစဥ်ရမည်
ဆရာဆရာမတို့အားခွင့်ပြုချက်တောင်းရမည် စသည်တို့ကိုပါသင်ကြားပေးကြသည်..........

Crush From State School 🖤Where stories live. Discover now