Part (3)Uni (State ကျောင်းတော်မှချစ်ရသူ)

3.4K 270 8
                                    

ကျောင်းဆင်းခါနီးအချိန်ထိ အုံ့မှိုင်းရုံသာရှိသော ကောင်းကင်မှာ
ကျောင်းဆင်းသည့်ချိန်တွင်တော့ သည်းကြီးမည်းကြီးရွာချ
လာတော့သည်။

"ဟက်သော်..ဟိုးမှာကြည့်စမ်း ကျောင်းဂိတ်နားမှာ
မိုးခိုနေတာ နင့်အချေကိုယ်တော်ကြီးမလား''
သော်မင်းခတစ်ယောက် ကျောင်းဆင်းချိန်
မိုးကသည်းသည်းမည်းမည်းရွာချလာသောကြောင့်
ထီးကိုထုတ်ခါဖြင့် ပြန်တော့မည်အလုပ်ပြောလာသော ဇင်ဇင်မစကားကြောင့် သူလက်ညှိုးညွှန်ပြရာသို့ကြည့်လိုက်မိတော့...
ကျောင်းဂိတ်တဲနားတွင် မိုးခိုနေဟန်ရှိသော ကောင်းအား
တွေ့လိုက်ရသည်။
မိုးစိုနေပုံရသောကောင်း၏ ဆံပင်ရှေ့ဖျားတို့က မျက်နှာနုနုပေါ်သို့
ဖွာကျလျက်ရှိ‌နေသည်။
ကျောင်းစိမ်းပုဆိုးကိုဒူးရောက်အောင်တိုတိုဝတ်ထားပုံကလည်း
တစ်မျိုးပင်ကြည့်ကောင်းနေပြန်သည်။

"မင်းကလည်းဘာကြောင်ပြီးရပ်ကြည့်နေတာလဲ ဒီအချိန်အမှတ်ယူသင့်တဲ့အချိန်လေကွာ ထီးသွားပေးလိုက် သွား''ဟု
တိုက်တွန်းလာသော သူရ...
သူရနှင့်ဒီနှစ်မှရင်းနှီးခင်မင်ခဲ့သော်လည်းငယ်ပေါင်းကြီးဖော်
သူငယ်ချင်းတစ်ယောက်ကဲ့သို့ပင်ပေါင်းကြသည်။
ထို့ကြောင့် ကောင်းအပေါ် မိမိ၏သဘောထားကို သူရလည်း
ရှင်းရှင်းလင်းလင်းသိသည်သာ။

"ဟာကွာ..ငါ..ငါ.ပေးလို့ဖြစ်ပါ့မလားကွ ရှက်စရာကြီး
နောက်ပြီးဆိုရိုးစကားလည်းရှိတယ်လေသိသာသိ မမြင်စေနဲ့တဲ့။
ငါကြိုက်နေတာ သူရိပ်မိလောက်တယ်ဆိုပေမယ့်
ဒဲ့ကြီးတော့ရင်မဆိုင်ရဲပါဘူးကွာ ငါကြောက်တယ်ကွ။ နောက်ပြီးဒင်းလေးကငါပေးလို့ ယူရင်တော်ရဲ့ မယူရင်ငါ့မျက်နှာကြီးဘယ်နားထားရမလဲ..''

"အမလေးး .. ခုမှကြောက်ချီးပါမနေနဲ့ ခါတိုင်းကျသူ့ခုံပေါ်
ချိုချဉ်တွေ ပီကယ်တွေကျသွားသွားထားနေပြီးတော့များ...
ကဲပါသွားပေးလိုက်စမ်းပါ ''ဟု
ငြိမ်းကပါတိုက်တွန်းလာတော့သည်။
ဇင်ဇင့်ကိုကြည့်လိုက်တော့လည်းထိုနှစ်ယောက်စကားကို
ထောက်ခံနေသည့်အလား ကျွန်တော့်ကိုကြည့်နေလေသည်။

"ကဲပါ မထူးတော့ပါဘူး..ယူတော့လည်းအမြတ်ပဲ
မယူတော့လည်းကိုယ့်ဘာသာကိုယ်ဆောင်းရုံပေါ့
ငါသွားပေးလိုက်မယ် စောင့်နေကြအုံးနော် ....
နင်တို့နဲ့ငါကအတူဆောင်းရမှာ မိုးရာသီမို့စက်ဘီးလည်း
ယူမလာဘူး စောင့်ကြအုံး''ဟုပြောပြီး''ကောင်း''ဆီသို့
ခပ်သွက်သွက်လေးပြေးသွားလိုက်တော့သည်~~~~
..........................................................

Crush From State School 🖤Donde viven las historias. Descúbrelo ahora