Part(11) Zawgyi

1.1K 75 2
                                    

..
..
..

"အားလုံးပဲ...ကျေးဇူးပြု၍တိတ်ဆိတ်ပေးကြပါလို့
မေတ္တာရပ်ခံပါတယ်....''

"ဆရာတို့ဒီနေ့Hallခန်းထဲမှာ လူစုခိုင်းလိုက်ခြင်းက
ဆရာတို့မဲခွဲဆုံးဖြတ်မယ့် လူရွေးပဲတစ်ခုလုပ်ချင်လို့ပါ...
နှစ်စဉ်နှစ်တိုင်းဆရာတို့ကျောင်းသားခေါင်းဆောင်တွေ
အသင်းခေါင်ဆောင်တွေကိုရွေးချယ်ကြပါတယ်
အခုကတော့အသင်းခေါင်းဆောင်အတန်းခေါင်းဆောင်
တွေက ကိုယ့်ရဲ့အတန်းအသီးသီးက ရွေးချယ်ထားပြီး
ဖြစ်သည့်အတွက် ယခုမဲခွဲဆုံးဖြတ်မယ့်နေရာကတော့
ကျောင်းကောင်စီအဖွဲ့ခေါင်းဆောင်
အတွင်းရေးမှူးနဲ့လက်ထောက်အတွင်းရေးမှူး ဆိုပြီး
သုံးနေရာအတွက်ဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်ထားတဲ့သူတွေကတော့
Stageပေါ်မှာရပ်နေပါတယ် နာမည်တွေကလည်း
မိတ်ဆက်ပေးပြီး ဖြစ်တဲ့အတွက်
ကျောင်းအတွက်အကျိုးဆောင်ပေးနိုင်မည့်ဟုထင်တဲ့
ကိုယ်သဘောကျတဲ့သူကို မဲပေးနိုင်ပါတယ်.....
ကဲ အားလုံးရဲ့လက်ထဲကိုစာရွက်တွေဝေပြီးပြီဆိုတော့
ကိုယ်နှစ်သက်ရာလူရဲ့နာမည်ကိုရေးပြီး
မဲပေးလို့ရပါပြီ.........''
ကာယဆရာရဲ့မှာကြားမှုအပြီးမှာတော့
ကျောင်းသားကျောင်းသူအသီးသီးဟာ
စာရွက်များပေါ်တွင် မဲပေးမယ့်သူရဲ့နာမည်ကို
ရေးခြစ်နေကြပြီ ဖြစ်လေသည်.......

စင်အောက်မှ သော်မင်းခ၏
အပေါင်းအပါတစ်သိုက်ကတော့ တိုင်ပင်စရာမလိုပဲ
နာမည်တစ်ခုကိုရေးနေကြပြီဖြစ်လေသည်....
သေချာပါသည် သူတို့၏မဲပိုင်ရှင်နာမည်က
သော်မင်းခ ဆိုတာကိုမေးစရာပင်မလိုချေ...
လူချစ်လူခင်များပြီး ကျောင်း၏ကိစ္စရပ်များကို
ကူညီလုပ်ကိုင်ပေးတတ်သော သော်မင်းခသည်
မည်သည့်အခါကမှ ကျောင်းအဖွဲ့ရာထူးများတွင်
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ......
ယခုခါမှသာလျှင် သော်မင်းခ  တစ်ယောက်
အကြောင်းတစ်ခုကြောင့်ဝင်ရောက်ယှဉ်ပြိုင်ခြင်း
ဖြစ်ပေသည်..........

ကျောင်းပြောင်းကျောင်းသားများ
ဆယ်တန်းပြီးသွားသောကျောင်းသားများကြောင့်
လစ်လပ်နေရာများဖြစ်ပေါ်လာသည့်အတွက်
အဖွဲ့ဝင်ရွေးချယ်ခြင်းကိုပြုလုပ်နေကြခြင်းဖြစ်လေသည်..

Crush From State School 🖤Opowieści tętniące życiem. Odkryj je teraz