Stateကျောင်းတော်မှချစ်ရသူ(30)Uni

1.4K 149 11
                                    

"ဦးလေးမိုးည... ''

"သော်မင်းခ.....''

နှစ်ယောက်သား၏ တစ်ဦးကိုတစ်ဦးသိနေသည့်နှယ်
ခေါ်ဆိုမှုကြောင့် ကောင်းခန့်ကျော်အံ့သြသွားသလို
မိခင်ဖြစ်သူ ဒေါ်စန္ဒာချိုမှာလည်း အံ့သြသွားရလေသည်..

ဒေါ်စန္ဒာချို မိမိ၏အမျိုးသားဖြစ်သူ ခေါ်ဆိုလိုက်သော်
အမည်နာမအား ရင်းရင်းနှီးနှီးကိုကြားဖူးသည်ဖြစ်သည်..
လွန်ခဲ့တဲ့နှစ်က အမျိုးသားကိုဆိုင်ကယ်တိုက်မိမည့်
အန္တရာယ်မှ ကာကွယ်ပေးခဲ့သော ကောင်လေး
ဖြစ်လိမ့်မည်ဟုလည်း တွေးထင်လိုက်သည်...

ကောင်းခန့်ကျော် ခအား ထိုးကြိတ်ဟန်ပြုတော့မည့်
ဖခင်ဖြစ်သူကြောင့် ဝင်ဆွဲရန်ပြုလိုက်စဥ်မှာပင်
ခ အား သိနေဟန်ဖြစ်သွားသည့် ဖခင်၏အမူအရာ
ကြောင့်အနည်းငယ်စိတ်အေးသွားရသည်.....

"ကို....မဟုတ်မှ....ဒီကလေးက...''

"ကျစ်.....ဟုတ်တယ်...ကိုယ်ပြောတာ သူပဲ..''
ဇနီးဖြစ်သူ၏အမေး ဦးမိုးည သော်မင်းခအကျီစအား
ဆွဲထားသည်ကိုလွှတ်လိုက်ရင်း ဖြေလိုက်သည်....

ကောင်းခန့်ကျော်မှာတော့ မိခင်ဖြစ်သူတို့ပြောနေသည်ကို
ဘာတစ်ခုမှ နားမလည်သည်ကြောင့် စိတ်ရှုပ်နေလေသည်....

ပြင်းထန်သော ပြသနာများဖြစ်လုဆဲဆဲမှ ရုတ်တရက်
ငြိမ်ကျသွားလေသော အခြေအနေမှာ စန္ဒကူးအား
အလိုမကျ ဖြစ်စေသည်....
မိမိ လိုချင်သည်မှာ ဒီလိုမျိုးဖြစ်ရပ်မဟုတ်......

မိမိ လေးလေးမိုးည အားဖုန်းဆက်ကာ
တကူးတက ငိုယိုပြရင်း စီစဥ်ထားလေသည့်
အစီအစဥ်မှာဤသို့ ငြိမ်အေးသွားသော အခြေအနေ
မျိုး ဖြစ်လာစေရန်မဟုတ်.....

ထိုနေ့ညက ဦးမိုးညဆီ ကူးကူးဖုန်းဆက်ခဲ့ရာ.......

"ကူးကူး ကောင်းကောင်းနဲ့ပတ်သတ်ပြီး
တိကျတဲ့သတင်းတစ်ခု ရထားလို့....''

"ဘာများလဲသမီး ပြောပါအုံး ''

"ဟုတ်...လေးလေး...အဲ့ဒါကလေ...
ဟို...ကောင်းကောင်းကလေ.....''

"ပြောလေသမီး ကောင်းကောင်းဘာမဟုတ်တာတွေ
လုပ်ထားပြန်ပြီလဲ.....''

Crush From State School 🖤Where stories live. Discover now