Stateကျောင်းတော်မှချစ်ရသူ(29)Uni

1.4K 131 14
                                    

~~~~~~~~~~~Unicode~~~~~~~~~~~

"ဟဲလို မေ..''

"သားကောင်း....စာမေးပွဲ ပြီးပြီမလား
အိမ်ကိုပြန်​လာတော့လေ.....''

မနက်စောစောစီးစီး ဖုန်းလာလေသောကြောင့်
ကောင်းခန့်ကျော် ကြည့်လိုက်လေတော့ ခေါ်ဆိုသူက
မိခင်ဒေါ်စန္ဒာချို....
လျှင်မြန်စွာပင် ဖုန်းကိုင်လိုက်လေတော့ မိခင်ဖြစ်သူ
ဆီမှ အိမ်ပြန်လာခိုင်းလေသော အမိန့်မဟုတ်သော
စကားသံကို ကြားလိုက်ရသည်.....

ကောင်းခန့်ကျော် စာမေးပွဲပြီးသွားသော်လည်း
သော်မင်းခတို့မှာ ဖြေဆိုရန်ဘာသာအနည်းမျှ ကျန်သေး
လေသည်.....
ထို့ကြောင့် သော်မင်းခတို့ စာမေးပွဲမပြီးခင်အချိန်အတွင်း
ကောင်းခန့်ကျော် အိမ်မပြန်လိုပါ.......
ထို့ကြောင့် မိခင်ဖြစ်သူအား မုသားပါသောစကား
အနည်းငယ်မျှ ဆိုလိုက်လေသည်...

"Zuzueတို့က စာမေးပွဲ မပြီးသေးဘူးလေ မေ ရဲ့..
ဇူးဇူးနဲ့သားအတူပြန်လာမှာ...
အဲ့ဒါ ဇူးဇူးစာမေးပွဲပြီးမှ ပြန်လာတော့မယ် မေ...''

"ဟင်း......''
သက်ပြင်းရှည်တစ်ခုကိုချပြီး အသံတိတ်သွားလေသော
မိခင်ဖြစ်သူကြောင့် ကောင်းခန့်ကျော် အနည်းမျှ ငိုင်
သွားလေသည်...

"မေ... တစ်ခုခုဖြစ်လို့လား...
နေမကောင်းဘူးလား ဖေကရော မေ့ကိုဂရုမစိုက်အား
ဘူးလား....ဟုတ်လား မေ....''
အမှန်တကယ့်ကိုပင် အနည်းငယ်ထူးဆန်းနေသော
မိခင်ကြောင့် ကောင်းခန့်ကျော် မေးလိုက်ခြင်းပင်....

"သက်ပြင်းချရင် အသက်တိုတတ်တယ်
နောက်နောင် သက်ပြင်းခနခန မချရဘူးနော်သား....''ဟုဆိုကာ
ကောင်းခန့်ကျော် သက်ပြင်းချလေတိုင်း ဆုံးမ
တတ်လေသော မိခင်မှာ ယခု သူမကိုယ်တိုင်ပင်လျှင်
သက်ပြင်းမချစဖူး ချနေသည်ကြောင့် ကောင်းခန့်ကျော်အဖို့
အင်မတန် ထူးဆန်းဖွယ်ရာပင်.....
ထို့ကြောင့် မိခင်ဖြစ်သူတစ်ခုခုဖြစ်နေသည်အထင်နှင့်
စ်တ်ပူသွားကာ မေးလိုက်ခြင်းပင်....

"မင်းအဖေ ဒီနေ့ ဆောက်လုပ်ရေးထဲကို မသွားဘူး..
အိမ်မှာရှိတယ်...
မေမေလည်း ဘာမဖြစ်ပါဘူး နေကောင်းပါတယ်...''

"အော်...ဟုတ်မေ..
သားပဲစိတ်ထင်လို့များလား မေ့အသံသိပ်မကောင်း
သလိုဖြစ်နေတယ်...''

Crush From State School 🖤Waar verhalen tot leven komen. Ontdek het nu